မြဝတီ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် 2024-2025 AFC Women’s Champions League Preliminary ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထုတ်ပြန်

 

မြဝတီ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် 2024-2025 AFC Women’s Champions League Preliminary ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထုတ်ပြန်

 

ရန်ကုန်   ဩဂုတ်   ၂၀

     မြန်မာနိုင်ငံကိုယ်စားပြုပြီး မြဝတီအမျိုး သမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် 2024-2025 AFC Women’s Champions League Preliminary ပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်များ ကို အာရှဘောလုံး အဖွဲ့ချုပ်က အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြဝတီအမျိုးသမီး အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် အတွက် 2024-2025 AFC Women’s Champions  League  Preliminary  ကို ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

2024-2025 AFC Women’s Champions League Preliminary ပြိုင်ပွဲတွင် မြဝတီအမျိုးသမီး အသင်းသည် ဆော်ဒီထိပ်တန်း ကလပ် အယ်လ်နာဆာ အမျိုးသမီးအသင်း၊ ယူအေအီးကလပ်  အဘူဒါဘီကန်းထရီး အမျိုးသမီးအသင်း၊  လာအိုကလပ်  Young Elephants အမျိုးသမီး အသင်းတို့နှင့် အုပ်စု(A) တွင် တစ်အုပ်စုတည်း ကျရောက်လျက်ရှိနေသည်။

‌2024-2025 AFC Women’s Champions League Preliminary တွင် မြဝတီအမျိုးသမီး အသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဩဂုတ် လ ၂၅ ရက်တွင် အယ်နာဆာအမျိုးသမီးအသင်းနှင့် လည်းကောင်း၊ ဩဂုတ်လ ၂၈ ရက် တွင် အဘူဒါဘီကန်းထရီး အမျိုးသမီးအသင်း နှင့် လည်းကောင်း၊ ဩဂုတ်လ ၃၁ ရက်တွင် Young Elephants  အမျိုးသမီးအသင်းနှင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Wednesday, August 21, 2024 - 14:16