ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် VAR စနစ်ကို ဆက်လက်အသုံးပြုခြင်း ရှိ မရှိ မဲခွဲဆုံးဖြတ်မည်
ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က လက်ရှိ ကျင့်သုံးနေသည့် ဗီဒီယိုအကူစနစ်(VAR)ကို ၂၀၂၄- ၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဆက်လက်အသုံးပြုခြင်း ရှိ၊ မရှိ ဇွန်လ ၆ ရက်တွင် မဲခွဲဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ကွင်းလယ်ဒိုင်များကို အထောက်အကူ ပြုနိုင်ရန် VAR စနစ်ကို အသုံးပြုခဲ့သော်လည်း လက်ရှိတွင် ကွင်းလယ်ဒိုင်များအတွက် အထောက်အကူပြု ရေးထက် အငြင်းပွားမှုများစွာ ဖြစ်ပွားခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ယခုဘောလုံးရာသီတွင် VAR စနစ်ကြောင့် အငြင်းပွားဖွယ်ဖြစ်ရပ်အများအပြားဖြစ်ပွားခဲ့ကာ ဝုဗ်အသင်းက VAR စနစ်ကျင့် သုံးနေခြင်းကို ဖျက်သိမ်းပေးရန် ဦးဆောင်တောင်းဆိုမှု ပြုလုပ်ခဲ့ပြီးနောက် အသင်းအများအပြား ပါဝင်လာသည့်အတွက် ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်ကလည်း အဆိုပါစနစ်ကို ဆက်လက်အသုံးပြုခြင်း ရှိ၊ မရှိ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။
ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က VAR စနစ်ကို ဖျက်သိမ်းရန် မဲခွဲဆုံးဖြတ်ရာ၌ ပြိုင်ပွဲဝင်အသင်း ၂၀ မှ ၁၄ သင်းက ဆက်လက်အသုံးမပြုရန် ဆန္ဒမဲပေးမည်ဆိုပါက လာမည့်ဘောလုံးရာသီတွင် VAR စနစ်ကို ဆက်လက်အသုံးမပြုတော့ဘဲ ဖျက်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
Ref;Dailymail