အယ်နာဆာအသင်းက မန်ယူအသင်းမှထွက်ခွာဖွယ်ရှိနေသည့် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကိုခေါ်ယူရန် ကြိုးပမ်းနေ

 

အယ်နာဆာအသင်းက မန်ယူအသင်းမှထွက်ခွာဖွယ်ရှိနေသည့် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကိုခေါ်ယူရန် ကြိုးပမ်းနေ

 ဆော်ဒီထိပ်တန်းကလပ်   အယ်နာဆာအသင်းက မန်ယူအသင်းနှင့် လမ်းခွဲဖွယ်ရှိနေသည့်  ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ကို မန်ယူအသင်းမှတောင်းဆိုသည့်   ပြောင်းရွှေ့ကြေးပေးချေပြီး   ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

အယ်နာဆာအသင်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက မန်ယူအသင်းမှ    စီရော်နယ်ဒိုကို ခေါ်ယူခဲ့ပြီး ဥရောပမှ ထိပ်တန်းကစားသမားအများစုကို  ခေါ်ယူခဲ့ကာ  ပြီးခဲ့သည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလကလည်း  တဲလက်စ်၊ မာနေး၊  ဘရာဇိုဗစ်ချ်၊ လာပေါ့တီ၊ အော်တာဗီယို  စသည့် ကစားသမားများကို ခေါ်ယူပြီးနောက် ယခုအခါ ဖာနန်ဒက်စ်ကိုခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဖာနန်ဒက်စ်သည်  ၂၀၂၀ ပြည့်နှစ်က  စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့  ပြောင်းရွှေ့ကစားပြီးနောက်  အသင်းနှင့်အတူ ဘောလုံးရာသီ တိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏  အကောင်းဆုံးကွင်းလယ် ကစားသမားများတွင်     တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေသူဖြစ်သည်။

သို့သော်   လက်ရှိ   မန်ယူအသင်း၏အားကစားဆိုင်ရာ ကိစ္စရပ်များကို ဦးဆောင်လုပ်ကိုင်ခွင့် ရရှိထားသည့် အသင်းပူးတွဲပိုင်ရှင် ရက်ကလစ်က လာမည့်နွေရာသီ   ကစားသမား အပြောင်းအရွှေ့ကာလတွင် ဂါနာချို၊  ဟိုက်လန်းနှင့်  ကိုဘီမိုင်နူးတို့မှလွဲပြီး ကျန်ကစားသမားများကိုခေါ်ယူရန် ကမ်းလှမ်းမှုများရှိပါက လက်ခံမည်ဟု ပြောကြားခဲ့ပြီးနောက် မန်ယူအသင်းနှင့် ဖာနန်ဒက်စ်တို့ကြား    ဆက်ဆံရေးတင်းမာမှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းကတည်းက စီရော်နယ်ဒိုက ဖာနန်ဒက်စ်ကို ခေါ်ယူပေးရန် အယ်နာဆာအသင်းမှ တာဝန်ရှိသူများထံ  တောင်းဆိုထားသည့်အတွက်     ယခုအခါ    အယ်နာဆာအသင်းက ခေါ်ယူရန်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။         

 Ref;The Athletic

Dates: 
Wednesday, August 21, 2024 - 09:51