ချယ်လ်ဆီး အသင်းနှင့် အက်သလက်တီကို အသင်းတို့ကြား ဂယ်လာဟာနှင့် ဂျာအိုဖီးလစ်တို့ အပြောင်းအရွှေ့ကိစ္စ သဘောတူညီမှုရရှိ
လန်ဒန် ဩဂုတ် ၂၀
ချယ်လ်ဆီးအသင်းနှင့် အက်သလက်တီကိုအသင်းတို့ကြား ဂယ်လာဟာနှင့် ဂျာအိုဖီးလစ်တို့ အပြောင်း အရွှေ့ကိစ္စနှင့် ပတ်သက်၍ သဘောတူညီမှုရရှိပြီးနောက် လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
အက်သလက်တီကို အသင်းက ဂယ်လာဟာကို အစောပိုင်းကတည်းက ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သော်လည်း ချယ်လ်ဆီးအသင်းက အက်သလက်တီ ကိုအသင်းမှ အိုမိုရိုဒီယန်ကို အလိုက်ပေးရန် တောင်းဆိုနေသည့်အတွက် အပြောင်းအရွှေ့ ကြန့်ကြာနေခဲ့ရ သော်လည်း လက်ရှိတွင် ချယ်လ်ဆီးအသင်းက ကစားသမားအလိုက်ပေးရန် တောင်းဆိုခြင်း မရှိတော့သည့်အတွက် ဂယ်လာဟာကို ပြောင်းရွှေ့ကြေး ယူရို ၄၂ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိခြင်းဖြစ်ပြီး မကြာမီ အပြီးသတ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။
အလားတူ ချယ်လ်ဆီးအသင်းကလည်း ၂၀၂၃ ခုနှစ်က ခြောက်လ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ဖူးသည့် အက်သလက်တီကိုအသင်းမှ ကွင်းလယ်ကစားသမား ဂျာအိုဖီးလစ်ကို ပြန်လည်ခေါ်ယူရန် ကမ်းလှမ်းရာမှ လက်ရှိတွင် နှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့ပြီး ပြောင်းရွှေ့ကြေးကို ဖော်ပြခြင်း မရှိသော်လည်း ချယ်လ်ဆီးအသင်းက ဂျာအိုဖီးလစ်ကို ၂၀၃၀ ပြည့်နှစ် အထိ စာချုပ်ချုပ်ဆိုမည် ဖြစ်သည့်အပြင် တစ်နှစ် ထပ်မံသက်တမ်းတိုးခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။