U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲအုပ်စု ပွဲစဉ်များတွင် မြန်မာအသင်း တစ်ပွဲနိုင် တစ်ပွဲသရေရလဒ် ထွက်ပေါ်

 

U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲအုပ်စု ပွဲစဉ်များတွင် မြန်မာအသင်း တစ်ပွဲနိုင် တစ်ပွဲသရေရလဒ် ထွက်ပေါ်

 

ရန်ကုန်   ဩဂုတ်  ၂၀

    ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိနေသည့် U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့တွင်ကျင်းပခဲ့ရာ မြန်မာယူ-၁၂ အသင်းသည် တစ်ပွဲအနိုင်ရရှိခဲ့ပြီး  တစ်ပွဲသရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲတွင် မြန်မာယူ-၁၂ အသင်းသည် ဂျပန်အသင်းများဖြစ်သည့် Tozuka Football Club Junior အသင်း၊ Kashima Antlers Norte အသင်း၊ FC Basara Hyogo အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိနေပြီး    အုပ်စုပွဲစဉ်များအဖြစ်   ယနေ့မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၂၀ မိနစ်တွင် Tozuka Football Club Junior အသင်းနှင့်ကစားခဲ့ရာ မြန်မာယူ-၁၂အသင်းက၂ ဂိုး  ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး Kashima Antlers Norte အသင်းနှင့် ကစားခဲ့ရာ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့သည်။

မြန်မာယူ-၁၂အသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဩဂုတ်လ ၂၁ ရက် မြန်မာစံတော်ချိန်  နံနက် ၇  နာရီ မိနစ် ၂၀တွင် FC Basara Hyogo အသင်းနှင့် ဆက်လက် ကစားရမည်ဖြစ်သည်။

U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲတွင် အုပ်စုတစ်ခုချင်းစီမှ အုပ်စုပထမနှင့် ဒုတိယနေရာမှ   နှစ်သင်းမှာ နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်မည်ဖြစ်သည့်အတွက် မြန်မာယူ-၁၂ အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေရလဒ် ရရှိထားသည့် အတွက် နောက်ဆုံးအဆင့် တက်ရောက်နိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်ထားကြောင်း သိရသည်။

Dates: 
Wednesday, August 21, 2024 - 10:15