(၇၆)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုပြိုင်ပွဲ စာမူများ ဖိတ်ခေါ်ခြင်း

၁။      ၂ဝ၂၁ ခုနှစ်၊ (၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုပြိုင်ပွဲဝင်ရန် စာမူများ ဖိတ်ခေါ်ပါသည်။ ဆုရရှိသော  စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း များအား မြဝတီ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ဖော်ပြသွားမည်ဖြစ်ပြီး ကဗျာနှင့် ဝတ္ထုများအား မြဝတီမဂ္ဂဇင်း၊ ငွေတာရီ မဂ္ဂဇင်းနှင့် တပ်မတော် စာစဉ်တို့တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

၂။      စာမူများတွင် ပါဝင်ရမည့် အချက်များ

(က)   ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ BIA ခေါ်   ဗမာ့လွတ်လပ်ရေး တပ်မ တော်မှ သန္ဓေတည် ပေါက်ဖွား လာသော တိုင်းရင်းသား ပေါင်းစုံပါဝင်သည့် တပ်မတော်ကြီးအား ခေတ်စနစ်နှင့် လျော်ညီ၍ ခေတ်မီအင်အား တောင့်တင်းသော တပ်မတော် တစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက် နေမှုများ။

(ခ)     နိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ပြည်ပကျူးကျော်မှု နှိမ်နင်းရေးသမိုင်းများ၊ ဒီမိုကရေစီဖော် ဆောင်မှု သမိုင်း၊  ပြည်ထောင်စုမပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့မှုများ၊ တိုင်းရင်းသား ပြန်လည် ရင်ကြားစေ့ရေးတို့တွင် တပ်မတော်၏ကြိုးပမ်းဆောင်ရွက်မှုပုံရိပ်များ။

(ဂ)    တပ်မတော်သားများမှ   သဘာဝ ဘေးဒဏ် ကျရောက်သော ဒေသ အသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ် ရေးများ စေလွှတ်ခြင်း၊   ပံ့ပိုးကူညီ ဆောင်ရွက်ခြင်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း။

(ဃ)   နိုင်ငံတော် အတွင်းရှိ    ပြည်သူပြည်သားများ၏ဘဝလုံခြုံရေး၊ အေးချမ်းစွာ သွားလာနိုင်ရေး အတွက်   တိုင်းရင်းသား ပေါင်းစုံပါဝင်သော   တပ်မတော်သားများမှ မိမိတို့၏အသက် ခန္ဓာအား  ပဓာနမထားဘဲ  စွမ်းစွမ်း တမံဆောင်ရွက်နေမှုများ။

(င)     အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် NCA ခေါ်  ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများ။

(စ)    တိုင်းရင်းသား ညီအစ်ကို သွေးချင်းအားလုံးသည် ဘိုးဘွားတိုင်းရင်းသား ခေါင်းဆောင်ကြီးများက ပေါင်းစည်း အမွေပေး အပ်ခဲ့သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရန် ကာကွယ် စောင့်ရှောက်ရာတွင် ''စစ်မှန်သော မျိုးချစ်စိတ်ဓာတ်''သည်သာလျှင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကို တည်တံ့ ခိုင်မြဲစေခြင်း။

(ဆ)   နိုင်ငံတော်၏ အသက်ဝိညာဉ်ဖြစ်သော ဒို့တာဝန်အရေးသုံးပါးနှင့် ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအား တပ်မတော်မှ ကာကွယ်စောင့်ရှောက်နေမှုများ။

(ဇ)    တပ်မတော်(ကြည်း၊ ရေ၊ လေ) ပူးပေါင်းဆောင်ရွက်ချက်များ သို့မဟုတ် ကြိုက်နှစ်သက်ရာ အကြောင်း အရာအား ရေးဖွဲ့ တင်ဆက်နိုင်သည်။

၃။      စစ်ချီသီချင်း၊ စစ်သည်တေးသီချင်းကဏ္ဍသတ်မှတ်ချက်များ

(က)   တပ်မတော်အား ကိုယ်စားပြုသည့် တက်ကြွမြူးကြွသည့် သီချင်း စာသားများ ပါဝင်ရမည်။

(ခ)     တေးသီချင်းတစ်ပုဒ်ကြာမြင့်ချိန် ၃ မိနစ်ထက်မနည်း၊ ၅ မိနစ်ထက်မများဖြစ်ရမည်။

(ဂ)    တေးသီချင်း အသံသွင်းပြီး အခွေနှင့်အတူ    သီချင်းစာသား၊  Note  မိတ္တူ ၃ စုံစီပူးတွဲတင်ပြရမည်။

(ဃ)   တေးသီချင်း ရွေးချယ်ရာတွင် သံစုံတီးဝိုင်းဖြင့် တီးခတ်၍ Group ဖြင့် သီဆိုထားသော တေးသီချင်း များသာ ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပါသည်။

(င)     ပြိုင်ပွဲဝင် စာမူရှင်များအနေဖြင့် မိမိတို့ပြိုင်ပွဲဝင်သော စစ်ချီတေး၊ စစ်သည် တေးသီချင်းများသည် ခေတ် အဆက်ဆက် အသုံးပြု နိုင်သော သီချင်းများဖြစ်ရန်အတွက် ပိုမိုကောင်းမွန်အောင် ရေးသားသီဆို အသံသွင်း ပေးပို့နိုင်ပါရန်။

(စ)    စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း ကဏ္ဍများတွင်  ပါဝင် ယှဉ်ပြိုင်လိုသော စာမူရှင်များအနေဖြင့်   သံစုံတီး ဝိုင်းဖြင့် တီးခတ်အသံသွင်းရန် အခက်အခဲရှိပါက နီးစပ်ရာတိုင်းစစ်ဌာနချုပ်များရှိ စစ်တီးဝိုင်းများတွင် သွားရောက် တီးခတ်၍  အသံသွင်း ပေးပို့နိုင်ပါသည်။

၄။      ကဗျာတို/ကဗျာရှည်စာမူကဏ္ဍသတ်မှတ်ချက်များ

(က)   မြန်မာ့ကဗျာစံနှုန်းနှင့်ကိုက်ညီသည့်ကဗျာဖြစ်ရမည်။

(ခ)     ကာရန်မဲ့ကဗျာ မဖြစ်စေရ။

(ဂ)    ကဗျာတိုတွင်  ပါဒ ၁ဝဝ မှ ၂ဝဝ အထိ သတ်မှတ်ပါသည်။

(ဃ)   ကဗျာရှည်တွင် ပါဒ  ၃ဝဝ မှ ၆ဝဝ အထိ  သတ်မှတ်ပါသည်။

(င)     အလွတ်တန်းအဆင့်တွင် မည်သူမဆို  ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။

(စ)    ဝါသနာရှင်အဆင့်တွင် အမျိုးသားစာပေဆု၊ စိမ်းလန်းရွှေပြည် စာပေကဗျာဆု၊ စာပေဗိမာန်စာမူဆု၊ ပခုက္ကူ ဦးအုံးဖေ စာမူ ဆုနှင့် စိမ်းလန်းရွှေပြည် ကဗျာစာမူဆုတို့တွင် ဆုရရှိခဲ့သူများ ယှဉ်ပြိုင်ခွင့် မရှိပါ။

(ဆ)   ကဗျာတို၊ ကဗျာရှည်တွင် မိမိယှဉ်ပြိုင်လိုသည့် အလွတ်တန်းအဆင့်၊ ဝါသနာရှင်အဆင့် ဟူ၍ သိသာစွာ ရေးသား ထည့်သွင်းရန်။

(ဇ)    ဝါသနာရှင် အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယရရှိပြီးပါက နောင်နှစ်တွင် အလွတ်တန်းအဆင့်တွင်သာ  ယှဉ်ပြိုင် ရ မည်ဖြစ်ပြီး ယခင်တပ်မတော်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ပထမ၊  ဒုတိယနှင့် တတိယ တစ်ခုခု ရရှိ သူများသည်လည်း အလွတ်တန်း အဆင့်တွင်သာ ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

၅။      ဝတ္ထုတို/ဝတ္ထုရှည်စာမူကဏ္ဍသတ်မှတ်ချက်များ

(က)   ဇာတ်လမ်း အချိတ်အဆက်မိပြီး ဇာတ်ကောင်စရိုက် ထူးခြားပေါ်လွင်စွာ ရသမြောက် ခံစားချက်များ ပေးစွမ်းနိုင်ရမည်။

(ခ)     ဇာတ်လမ်းပညာ၏ အင်္ဂါရပ်များနှင့်အညီ စ၊ လယ်၊ ဆုံး သုံးပါးလုံး  အဆင်ပြေ ညီညွတ်မျှတအောင် သရုပ် ဖော်နိုင်စွမ်း ရှိရမည်။

(ဂ)    ဝတ္ထုတိုတွင် စာမျက်နှာ ၈ မျက်နှာမှ ၁၂ မျက်နှာအထိ သတ်မှတ်ပါသည်။

(ဃ)   ဝတ္ထုရှည်တွင် စာမျက်နှာ ၅ဝ မှအထက် သတ်မှတ်ပါသည်။

၆။      စာမူများအား ကွန်ပျူတာစာစီရာတွင် Win- Researcher 2 Font Size-16၊   Line Spacing 1.3  သို့မဟုတ်  Myanmar 3 Font Size-14၊ Line Spacing 1.3 သို့မဟုတ်  Pyidaungsu Font Size-12၊ Line Spacing 1.15  ဖြင့် လည်းကောင်း (A-4) ၃ စုံစီ ပေးပို့ရမည်။

၇။      စာမူများအား ကိုယ်တိုင် ရေးသားခြင်းဖြစ်ကြောင်း၊ Copy မဟုတ်ကြောင်း၊ မည်သည့် စာစောင် မဂ္ဂဇင်းများ တွင်မှ ဖော်ပြခဲ့ဖူးခြင်း မရှိကြောင်း ဝန်ခံချက်ပါရှိရမည်။

၈။      စာမူများအား မည်သည့် စာပေပြိုင်ပွဲများတွင်မျှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် စာမူမဟုတ်ကြောင်း ဝန်ခံချက် ပါရှိရမည်။

၉။      စာမူရှင်များ၏ နေရပ်လိပ်စာအပြည့်အစုံနှင့်  ဖုန်းနံပါတ်တို့အား ထည့်သွင်းဖော်ပြထားရမည်။

၁ဝ။    စာမူများအား ၂ဝ၂၁ခုနှစ်၊ ဇန်နဝါရီလ ၂ဝရက်နောက်ဆုံးထား၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးသို့ ပေးပို့ရမည်။

၁၁။    စာမူများပေးပို့ရာတွင် Copy ၃ စုံမပါရှိခြင်း၊ Soft Copy မပါရှိခြင်း၊ သီချင်းစီဒီများ မပါရှိခြင်း၊ သက်ဆိုင်ရာ ဝန်ခံချက်များမပါရှိခြင်း၊ ကိုယ်ရေးအချက်အလက်များ မစုံလင်ခြင်းနှင့် သတ်မှတ်ရက်အတွင်း အချိန်မီ မရောက်ရှိ သော စာမူများကို  လက်ခံစဉ်းစားမည် မဟုတ်ပါ။

၁၂။    စစ်ချီသီချင်း ဆုချီးမြှင့်မည့်နှုန်းထားများ

(က)   ပထမဆု                ၅ဝဝဝဝဝ     ကျပ်။

(ခ)     ဒုတိယဆု               ၄ဝဝဝဝဝ     ကျပ်။

(ဂ)    တတိယဆု             ၃ဝဝဝဝဝ     ကျပ်။

(ဃ)   နှစ်သိမ့်ဆု(၁)         ၁ဝဝဝဝဝ     ကျပ်။

(င)     နှစ်သိမ့်ဆု(၂)         ၁ဝဝဝဝဝ     ကျပ်။

၁၃။    စစ်သည်တေးသီချင်း ဆုချီးမြှင့်မည့် နှုန်းထားများ

(က)   ပထမဆု                ၅ဝဝဝဝဝ     ကျပ်။

(ခ)     ဒုတိယဆု               ၄ဝဝဝဝဝ     ကျပ်။

(ဂ)    တတိယဆု             ၃ဝဝဝဝဝ     ကျပ်။

(ဃ)   နှစ်သိမ့်ဆု(၁)         ၁ဝဝဝဝဝ     ကျပ်။

(င)     နှစ်သိမ့်ဆု(၂)         ၁ဝဝဝဝဝ     ကျပ်။

၁၄။    ကဗျာတို(အလွတ်တန်းအဆင့်) ဆုချီးမြှင့်မည့် နှုန်းထားများ

(က)   ပထမဆု                ၂ဝဝဝဝဝ     ကျပ်။

(ခ)     ဒုတိယဆု               ၁၅ဝဝဝဝ     ကျပ်။

(ဂ)    တတိယဆု             ၁ဝဝဝဝဝ     ကျပ်။

(ဃ)   နှစ်သိမ့်ဆု(၁)         ၈ဝဝဝဝ       ကျပ်။

(င)     နှစ်သိမ့်ဆု(၂)         ၈ဝဝဝဝ       ကျပ်။

၁၅။    ကဗျာတို(ဝါသနာရှင်အဆင့်)ဆုချီးမြှင့်မည့် နှုန်းထားများ

(က)   ပထမဆု                ၁၅ဝဝဝဝ     ကျပ်။

(ခ)     ဒုတိယဆု               ၁ဝဝဝဝဝ     ကျပ်။

(ဂ)    တတိယဆု             ၅ဝဝဝဝ       ကျပ်။

(ဃ)   နှစ်သိမ့်ဆု(၁)         ၃ဝဝဝဝ       ကျပ်။

(င)     နှစ်သိမ့်ဆု(၂)          ၃ဝဝဝဝ       ကျပ်။

၁၆။    ကဗျာရှည် (အလွတ်တန်းအဆင့်) ဆုချီးမြှင့်မည့် နှုန်းထားများ

(က)   ပထမဆု                ၃ဝဝဝဝဝ     ကျပ်။

(ခ)     ဒုတိယဆု               ၂ဝဝဝဝဝ     ကျပ်။

(ဂ)    တတိယဆု             ၁၅ဝဝဝဝ     ကျပ်။

(ဃ)   နှစ်သိမ့်ဆု(၁)         ၁ဝဝဝဝဝ     ကျပ်။

(င)     နှစ်သိမ့်ဆု(၂)         ၁ဝဝဝဝဝ     ကျပ်။

၁၇။    ကဗျာရှည် (ဝါသနာရှင်အဆင့်) ဆုချီးမြှင့်မည့်နှုန်းထားများ

(က)   ပထမဆု                ၂၅ဝဝဝဝ     ကျပ်။

(ခ)     ဒုတိယဆု               ၁၅ဝဝဝဝ     ကျပ်။

(ဂ)    တတိယဆု             ၁ဝဝဝဝဝ     ကျပ်။

(ဃ)   နှစ်သိမ့်ဆု(၁)         ၅ဝဝဝဝ       ကျပ်။

(င)     နှစ်သိမ့်ဆု(၂)          ၅ဝဝဝဝ       ကျပ်။

၁၈။    ဝတ္ထုတို ဆုချီးမြှင့်မည့် နှုန်းထားများ

(က)   ပထမဆု                ၃ဝဝဝဝဝ     ကျပ်။

(ခ)     ဒုတိယဆု               ၂ဝဝဝဝဝ     ကျပ်။

(ဂ)    တတိယဆု             ၁၂ဝဝဝဝ      ကျပ်။

(ဃ)   နှစ်သိမ့်ဆု(၁)         ၁ဝဝဝဝဝ     ကျပ်။

(င)     နှစ်သိမ့်ဆု(၂)         ၁ဝဝဝဝဝ     ကျပ်။

၁၉။    ဝတ္ထုရှည်ဆု ချီးမြှင့်မည့် နှုန်းထားများ

(က)   ပထမဆု                ၆ဝဝဝဝဝ     ကျပ်။

(ခ)     ဒုတိယဆု               ၅ဝဝဝဝဝ     ကျပ်။

(ဂ)    တတိယဆု             ၄ဝဝဝဝဝ     ကျပ်။

(ဃ)   နှစ်သိမ့်ဆု(၁)         ၁၅ဝဝဝဝ     ကျပ်။

(င)     နှစ်သိမ့်ဆု(၂)         ၁၅ဝဝဝဝ     ကျပ်။

 ၂ဝ။ ပြိုင်ပွဲ အသီးသီးတွင်  ဆုရရှိသူများအား  အခမ်းအနားဖြင့် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်။

ပြိုင်ပွဲကျင်းပရေး ကော်မတီ