မြစ်ကြီးနားတပ်နယ်အတွင်းရှိ အသက် ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

နေပြည်တော်၊ ဒီဇင်ဘာ - ၈
    
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးတပ်နယ်အတွင်းရှိ တပ်မတော်သားမိသားစု ဝင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်သည်။
    
ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင် မြစ်ကြီးနားမြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ် ၅၉ ဦးကိုယ်ဝန်ဆောင်မိခင် ၅ ဦးတို့ကို မေးခိုင် ကာကွယ်ဆေး၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်ငါးမျိုးစပ် ကာကွယ်ဆေး၊ အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးကြသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။