ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဆင်နက်ချောင်းကျေးရွာ၌ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် စာကြည့်တိုက်သစ်လွှဲပြောင်းပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၈
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဆင်နက် ချောင်ကျေးရွာ၌ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ ဆောက်လုပ်လှူဒါန်းသည့် အလျား ၅၅ ပေ၊ အနံ ၃၀ ပေရှိ ကျေးရွာစာကြည့်တိုက်လွှဲပြောင်းပေးအပ်ခြင်း ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက စာကြည့်တိုက်သစ်ဆောက်လုပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး စာကြည့်တိုက် လွှဲပြောင်းပေးမှုမှတ်တမ်းနှင့် စာကြည့်တိုက် အတွက် သုတ၊ရသ စာအုပ်စာစောင်များကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများက လက်ခံရယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
    
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကျေးရွာစာကြည့်တိုက်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
    
အဆိုပါဆင်နက်ချောင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်(ကြည်း၊ရေ၊ လေ)မိသားစုများမှ တန်ဖိုးငွေ ၃၆၈ သိန်းရှိ ကျေးရွာစာကြည့်တိုက်တစ်လုံး၊ တန်ဖိုးငွေ ၂၉၉ သိန်းတန်ဖိုးရှိ အမှိုက်သယ်ယာဉ် ၁ စီးနှင့် တန်ဖိုးငွေကျပ်သိန်း ၁၆၀ ကျော်တန်ဖိုးရှိ KVA ထရန်စဖော်မာ ၁ လုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး ကျေးရွာဘောလုံး အားကစားကွင်းအား ပေးအပ်လှူဒါန်းနိုင်ရေး ဆက်လက်ဖောက်လုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။