အောင်ရဲ့အောင်
ယမန်နေ့မှအဆက်
အခန်း (၆၁)
အောင်က ကိုအောင်၏ကျောကို တွန်း ထိုးပစ်လိုက်ကာ...
ကျွန်တော် သိသားပဲ၊ အပြင်လောက နဲ့ ခဏအဆက်အသွယ်ပြတ်နေပေမယ့် ကိုလတ်ပါလာမယ်ဆိုတာ တွက်ထားပြီး သားပါ၊ ခင်ဗျားပညာတွေ ကျွန်တော် မသိ ပါဘူး၊ ကျွတ် ကျွတ်...ကျွတ်
မဆန်းပါဘူး၊ နင့်ကို ဆန်းဆန်းမြင့် ပြောမှာပေါ့
ဘယ်သူ ပြောပြောပေါ့
ကိုအောင်က မြုံစိစိနှင့် ပြုံးလျက်
ကိုလတ်ကိုင်လာသောခြင်းကို ကပျာ ကယာပြေးဆွဲလေသည်။
ချောစုက မျက်လုံးပြူးလျက်...
ဟုတ်သားပဲ၊ ကိုလတ် အလေးတွေ သိပ်မမနဲ့လေ
ကပျာကယာ လှမ်းသတိပေးလိုက်လေသည်။
အားလုံးအသီးသီး ကားပေါ်ဝင်ထိုင်
ကြတော့ ဘကြီးဘေးတွင် ကိုအောင်က စောစောကလိုပင် ဝင်ထိုင်ပြီး နောက်ဘက် ထိုင်ခုံတွင် ကိုလတ်က ချောစုဘေးတွင် ဝင်ထိုင်လိုက်သဖြင့် အောင်က ထုံးစံအတိုင်း
ကိုလတ်ကို တိတ်တိတ်လေး ကျေးဇူး တင်မိပြန်သည်။
ကိုလတ်က အောင့်ကို ပြုံးလျက် လှမ်း ကြည့်လိုက်သော မျက်လုံးများကို အောင့် မျက်လုံးများနှင့် တစ်စက္ကန့်ဆိုင်လိုက်ရုံဖြင့် အောင့်ရင်ထဲတွင် ဖျတ်ခနဲ ခုန်သွားလေ တော့သည်။
ရင်ခုန်လျက် လျင်မြန်စွာ တိုးဝင်နေ သော ဝိညာဉ်ချင်း တဒင်္ဂပဲ ခလုတ်တိုက်မိကြလေသည်။
အခန်း (၆၂)
အချစ်ဟာ သဘာဝနဲ့ ဆက်သွယ်တာ မဟုတ်ဘူး။
ဝိညာဉ်နဲ့သာ ဆက်သွယ်တာ။
သဘာဝနဲ့ ဆက်သွယ်တဲ့ အရာဝတ္ထုက တဏှာရာဂသာဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့ တဏှာရာဂဟာ အပြင်အပနဲ့သာ ဆက်သွယ်တယ်။
တဏှာရာဂရဲ့ ရည်မှန်းချက်သဘာဝက လှအောင်ဖန်တီးထားတဲ့ ကိုယ်ကာယသာ ဖြစ်တယ်။
အချစ်ကတော့ ဝိညာဉ်နဲ့သာ ဆက်သွယ်တယ်။
ကိုယ်ကာယနဲ့ ဆက်သွယ်တာ မဟုတ်ဘူး။
ပြောင်းလဲခြင်းဆိုတာ သဘာဝရဲ့ နိယာမ သဘောတရားသာဖြစ်တယ်။
ဝိညာဉ်ရဲ့ နိယာမ သဘောတရား မဟုတ်ဘူး။
ဝိညာဉ်ရဲ့ ဆက်သွယ်မှုက ဘယ်တော့ မှ ပျက်စီးပျောက်ကွယ်သွားတယ်လို့ မရှိ ဘူး။
ဆရာပါရဂူဘာသာပြန်ထားတဲ့ စိတ္တရ လေခါဝတ္ထုထဲက ဇာတ်ကောင်ဗီဗဝုတ္တ ပြောစကားကို အောင့်မှာ စိတ်ထဲမှာစွဲလမ်း ခဲ့တယ်လေ။
ဒါကို ကိုအောင်ရော၊ ကိုလတ်ရော လူလတ်တန်းစားတို့ရဲ့ စိတ်ကူးယဉ်မှုကို ဝေဖန်နေမှာလား။
အောင် မတွေးတတ်။
ဘာပဲဖြစ်ဖြစ် ကိုလတ်အပေါ် ချစ်တဲ့ အချစ်ဟာ ဘယ်တော့မှ ပြောင်းလဲဖောက် ပြန်နိုင်မည်မထင်။
ကိုလတ် အိုအို၊ နာနာ၊ ကျိုးကျိုး၊ ကန်း ကန်း ကိုလတ်မှ ကိုလတ်ပဲ။
ကိုလတ် သေပြီးတဲ့အထိပေါ့။
ကိုအောင့်ကို လက်တွဲရမည်ဆိုရင် လည်း မောင်ရင်းနှမလိုပဲ ဖြစ်လိမ့်မယ် ထင်ပါရဲ့။
ချစ်သူရဲ့ အချစ်ဆိုတာ လူတိုင်းအပေါ်မှာ သို့မဟုတ် နှစ်ယောက်၊ သုံးယောက် အပေါ်မှာ ပြောင်းလဲနိုင်သည်လား။
ကိုလတ်ကို နောက်မှ မေးကြည့်ရပေ ဦးမည်။
ကိုလတ်ကတော့ ထုံးစံအတိုင်း သူ့ထင်မြင်ချက်တွေကို ရုတ်တရက် မပေးသေးဘဲ စဉ်းစားရင်းပင် ပြုံးနေပေလိမ့်မည်။
လူလစ်ရင်တော့ ရှက်တတ်သော အောင့်ကို စလိမ့်မယ်။
လူကွယ်ရာတွင် အခွင့်သာလျက်နှင့် လေးလေးနက်နက် အကြောင်းအရာတွေ၊ နိုင်ငံရေးတွေ တမေ့တမော ထိုင်ပြောနေ ပြီး လူမလစ်တလစ်အချိန်ကျမှ အောင့်ကို အလစ်ဖျတ်ခနဲခိုးနမ်းပြီး အောင် ရှက်ရှက်နှင့် အိုးနင်းခွက်နင်းဖြစ်တာတွေကို သဘောကျနှစ်ခြိုက်လျက် ရယ်မောနေလိမ့်မည်။
ပြီးတော့ လူတကာကို အနိုင်ယူတတ် သော ကိုလတ်ဟာ သေမင်းကိုတောင် အနိုင်ယူခဲ့တော့ ယခု သေတွင်းထွက်ဘ၀ အဖြစ် အောင့်ကို ပိုများနိုင်နေဦးမှာလား။
သူမှ နှစ်ထပ်ကွမ်းအောင်တာ။
အောင်ရဲ့ အောင်။
ကိုအောင်နဲ့ နာမည်ချင်း ပြောင်းလိုက် ဖို့ ကောင်းသည်။
သေမင်းကိုတောင် မတွန့်မဆုတ် အောင်ပွဲခံခဲ့တဲ့လူပဲ။
သူ့ဝိညာဉ်ဟာ သေမင်းကိုများ နိုင်အောင် တိုက်တာ တကယ်အံ့သြဖို့ကောင်းတယ်။
အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ပဲလို့ ကိုလတ်ပြောမှာ သေချာပါတယ်။
ပြီးပါပြီ။