မြိတ်မြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

မြိတ်မြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၄

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက နယ်မြေခံလေတပ်စခန်း ဌာနချုပ်ရှိ ရွာဟေ့လူ ခန်းမ၌ သွားရောက် တွေ့ဆုံသည်။

          ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများအား လက်ဘက်ရည်နှင့်မုန့်များ ဧည်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Monday, February 5, 2024 - 07:28