နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
နေပြည်တော် ဩဂုတ် ၂၁
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့ စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ဩဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၀ ဒသမ ၆၃၄၄) တန်၊ သစ်မာ(၂၆ ဒသမ ၉၆၆၄)တန်၊ အခြား(၈ ဒသမ ၇၅၅၂)တန်၊ စုစုပေါင်း(၄၆ ဒသမ ၃၅၆၀) တန်၊ ယာဉ်/ယန္တရား(၉)စီး၊ တရားခံ(၂၁)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
Dates:
Thursday, August 22, 2024 - 12:19