မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)တွင် ISPE အသင်းက ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ
ရန်ကုန် မေ ၈
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)အဖြစ် ယနေ့ညနေ ၄ နာရီတွင် စလင်းအားကစားကွင်း၌ ရှမ်းယူနိုက် တက်အသင်းနှင့် ISPE အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ISPE အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက ISPE အသင်းက ခြေစွမ်းပိုင်းအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သော် လည်း ရှမ်းယူနိုက်တက်အသင်းက အကောင်းဆုံး ပြန်လည်တုံံ့ပြန်ကစားနိုင်ခဲ့သည့်အတွက် ပထမပိုင်း တွင် နှစ်သင်းလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ဂိုးမရှိသရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ISPE အသင်းက လူစားလဲမှုအချို့ပြုလုပ်ခဲ့ပြီး ဆက်လက် ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၅၄ မိနစ်တွင် ISPE အသင်းက ပယ်နယ်တီ ကန်သွင်း ခွင့်ရရှိခဲ့ပြီး ဝေနှင်းဖြိုး က အမှားအယွင်းမရှိကန်သွင်းကာ ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့သည်။ လက်ကျန် ပွဲချိန်များတွင် ISPE အသင်းက အနိုင်ရလဒ်ကို အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ISPE အသင်းက ဝေနှင်းဖြိုး၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)ပွဲစဉ်များအဖြစ် မေလ ၁၃ ရက်တွင် စလင်းအားကစားကွင်း၌ YREO အသင်းနှင့် မြဝတီအသင်း၊ မေလ ၁၄ ရက်တွင် ပဒုမ္မာ အားကစားကွင်း၌ ISPE အသင်းနှင့် ဧရာဝတီအသင်း၊ စလင်းအားကစားကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်