U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲတွင် မြန်မာယူ-၁၂ အသင်း (၃၂)သင်းအဆင့်၌ အရေးနိမ့်
ရန်ကုန် ဩဂုတ် ၂၁
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိနေသည့် U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာယူ-၁၂ အသင်းသည် FC Basara Hyogo အသင်းနှင့်ကစားခဲ့ရာ ၂ ဂိုး ဂိုးမရှိဖြင ့်အနိုင်ရရှိခဲ့ပြီး (၃၂)သင်းအဆင့် သို့ အုပ်စုပထမဖြင့် တက်ရောက်နိုင်ခဲ့သော်လည်း (၃၂)သင်းအဆင့်တွင် FC Zero အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲတွင် မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုပွဲစဉ်များတွင် ပုံစံကောင်းများ ပြသနိုင်ခဲ့ပြီး အုပ်စုပထမပွဲစဉ်တွင် Tozuka Football Club Junior အသင်းနှင့် ကစားခဲ့ရာ ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အုပ်စုဒုတိယပွဲစဉ် အဖြစ် Kashima Antlers Norte အသင်းနှင့် ကစားခဲ့ရာ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ သည်။
ဆက်လက်ပြီး မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင် FC Basara Hyogoအသင်းနှင့် ကစားခဲ့ရာ ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုသုံးပွဲကစားခဲ့ရာ နှစ်ပွဲနိုင် တစ်ပွဲသရေရလဒ်ရှုံးပွဲမရှိခဲ့ဘဲ ရမှတ်ခုနစ်မှတ်ရရှိခဲ့ကာ အုပ်စုပထမဖြင့် (၃၂)သင်းရှုံးထွက် အဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲ (၃၂)သင်းအဆင့်ပွဲစဉ်အဖြစ် ယနေ့မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီ တွင် မြန်မာ ယူ-၁၂ အသင်းသည် FC Zero အသင်းနှင့်ကစားခဲ့ရာ အကောင်းဆုံး တုံ့ပြန်ကစား နိုင်ခဲ့သော်လည်း ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရကြောင်း သိရသည်။