မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအ

မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၄ မေ ၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ ဆီမီးခုံကျေးရွာ၏အရှေ့ဘက်ရှိ ဆုံရွာ ကျေးရွာကို ယနေ့နံနက်ပိုင်းက PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာနေဒေသခံပြည်သူ အမျိုးသား (၁၇) ဦး၊ အမျိုးသမီး (၁၅) ဦး၊ စုစုပေါင်း (၃၂) ဦးသေဆုံးခဲ့ပြီး အမျိုးသား (၅) ဦး၊ အမျိုးသမီး (၉) ဦး၊ စုစုပေါင်း (၁၄) ဦး ဗုံးစထိမှန်ဒါဏ်ရာများရရှိခဲ့သည်။

ထို့ပြင် ကျေးရွာအတွင်း  စစ်ရေးနှင့် မသက်ဆိုင်သည့် အေးချမ်းစွာနေလိုသည့် အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာ အတွင်းရှိ နေအိမ် အလုံး (၅၀)ခန့် မီးလောင်ဆုံးရှုံးခဲ့မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ယနေ့ နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တို့မှ တာဝန်ရှိသူများက PDF အမည်ခံအကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှု ကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့်   နေအိမ်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးစကားပြောကြားသည်။

ထို့နောက် ကျေးရွာရှိ ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်း သည့် အလှူငွေ ကျပ် (၃၄၆) သိန်းနှင့် ငွေကျပ် သိန်း(၁၀၀) တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ  တို့ကို လည်းကောင်း၊  တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် ငွေကျပ်သိန်း (၅၀) နှင့် ဆန် (၂၅) အိတ်၊ ဆီ (၅၀) ပိဿာ၊ ပဲ (၅၀) ပိဿာ၊ ဆား (၂၅) ပိဿာ တို့ကို လည်းကောင်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Thursday, August 22, 2024 - 10:24