မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေ ဒေသခံပြည်သူ ၃၂ ဦး သေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ

မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေ ဒေသခံပြည်သူ ၃၂ ဦး သေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ

နေပြည်တော်၊  မေ ၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံရွာကျေးရွာအား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာနေ ဒေသခံ ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး ၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိသည်။

PDF အမည်ခံ အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အလွယ်တကူ စစ်ကူ/ပစ်ကူ ရောက်ရန် ကန့်သတ်ချက်ရှိသည့် အစွန်းအဖျား၊ ကျေးရွာ/ ရပ်ကွက် အုပ်စုများသို့ အကြောက်တရားဖြစ်ပေါ်စေရေး လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ နေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်  မီတာ ၄၀၀၀ ခန့်အကွာရှိ ဆုံရွာကျေးရွာ ပြည်သူ့စစ်စခန်းအား ယနေ့ နံနက်ပိုင်းတွင် ကျေးရွာ၏ တောင်ဘက်နှင့် အရှေ့တောင်ဘက်မှနေ၍ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာပြည်သူ့စစ်စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာစဉ် နီးစပ်ရာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ကျေးရွာအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံ ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး ၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ ကြောင်း  သိရှိသည်။

ထို့အပြင် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်း ရှိ နေအိမ် ၅၀ လုံးခန့် မီးလောင်ပျက်စီးခဲ့သဖြင့် ကျေးရွာနှင့်အနီးဆုံး လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်၍ လိုအပ်သည့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးကာ ထိခိုက်ဒဏ်ရာ ရရှိသူများအား မန္တလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်းနှင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ သည့် အကြမ်းဖက်သမားများအား လိုက်လံချေမှုန်းကာ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Dates: 
Thursday, August 22, 2024 - 10:34