ONE Friday Night-76 ပြိုင်ပွဲတွင် မြန်မာဖိုက်တာသန့်ဇင်၊ သွေးလင်းထက်နှင့် အဲမွီ အနိုင်ရ

ONE Friday Night-76 ပြိုင်ပွဲတွင် မြန်မာဖိုက်တာသန့်ဇင်၊ သွေးလင်းထက်နှင့် အဲမွီ အနိုင်ရ

ရန်ကုန်    ဩဂုတ်   ၂၃

ONE Friday Night-76   ပြိုင်ပွဲကို ဩဂုတ်လ ၂၃ ရက် ညပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့၌ကျင်းပရာ မြန်မာဖိုက်တာသန့်ဇင်၊ သွေးလင်းထက်နှင့် အဲမွီ အနိုင်ရပြီးစစိုးသီဟနှင့် ထွန်းမင်းနိုင်(ခ) ဆူလိုင်မန် အရေးနိမ့်ခဲ့သည်။

မြန်မာဖိုက်တာများအနက် ထွန်းမင်းနိုင်(ခ)ဆူလိုင်မန်သည် ထိုင်းဖိုက်တာကော်ပိုင်နှင့် ယှဉ်ပြိုင်ထိုး သတ်ရာ ဒုတိယအချီတွင် အရေးနိမ့်ခဲ့သည်။ ကော်ပိုင်သည် ပထမအချီကတည်းက လက်ရည်အနည်း ငယ်သာခဲ့ပြီး လက်သီးချက်ကြောင့် ပထမအချီပြီးခါနီးတွင် အမှတ်စဉ်ရေတွက်ခဲ့ရသည်။

ဒုတိယအချီအစ  ၁၆  စက္ကန့်တွင် ညာလက်သီးကြောင့်  ထွန်းမင်းနိုင်(ခ) ဆူလိုင်မန် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ စစိုးသီဟ (မြန်မာ)နှင့်  ဟီရိုင်(ဂျပန်)တို့ပွဲတွင်  ဟီရိုင်က ဒုတိယအချီ ၁ မိနစ် ၂၄ စက္ကန့်တွင် အလဲထိုး အနိုင်ရခဲ့သည်။ လက်ရည်အရ ကွာခြားမှုမရှိသော်လည်း ဟီရိုင်၏ ခြေကန်ချက်ကြောင့် စစိုးသီဟ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အဲမွီ(မြန်မာ)နှင့် တာကာဇိုနို(ဂျပန်)တို့ ပွဲတွင် အဲမွီက ဒုတိယအချီတွင် အလဲထိုး အနိုင်ရခဲ့သည်။ လက်ရည်အရ ကွာခြားမှု မရှိသဖြင့် အပြန်အလှန်ထိုးသတ်နိုင်ခဲ့ပြီး ပထမအချီပြီးခါနီးတွင် အဲမွီ အမှတ်စဉ် တစ်ကြိမ်ရေတွက်ခံခဲ့ရသည်။ ဒုတိယအချီ တွင်မူ အဲမွီက ထိချက်ပိုကောင်းလာပြီး ဒုတိယ အချီ ၂ မိနစ် ၁၈ စက္ကန့်တွင် အလဲ ထိုးအနိုင်ရခဲ့ခြင်းဖြစ်သည်။

သွေးလင်းထက်(မြန်မာ)နှင့် ဂန်ချိုင်း (ထိုင်း)တို့ပွဲတွင် သုံးချီပြည့်သည်အထိ အရှုံး အနိုင်မပေါ်သဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ရာ သွေးလင်းထက် အနိုင်ရခဲ့သည်။ နှစ်ဦးစလုံး မာဂုဏ်မြင့်သောကြောင့် အပြန် အလှန် ထိုးသတ်နိုင်သော်လည်း သွေးလင်းထက်၏ လက်သီးချက်များ၊ တံတောင်ရိုက်ချက်များ ထိမှန်ခဲ့ သောကြောင့် အမှတ်ဖြင့်ဆုံးဖြတ်ရာ တွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခုပွဲထိုးသတ် ခဲ့သည့် နှစ်ဦးစလုံး ONE Championship  အမှုဆောင်အရာရှိချုပ် ချက်သရီဆစ်ယိုထောင်း  ချီးမြှင့်သည့် ဘတ်သုံးသိန်းခွဲ ရရှိသည်။

Co-Main Event အဖြစ် ကျင်းပသည့်သန့်ဇင်(မြန်မာ)နှင့် TAI(ထိုင်း)တို့ ပွဲတွင်ပထမအချီ  ၁  မိနစ် ၁၄ စက္ကန့်မှာပင်အလဲထိုးအနိုင်ရခဲ့သည်။ သန့်ဇင်သည် ပွဲစကတည်းက ခြေကန်ချက်များ ဆက်တိုက်ကန်ရာ ပြိုင်ဘက် TAI အထိနာခဲ့ပြီး အမှတ်စဉ် နှစ်ကြိမ်ရေတွက်ခံရသည်။ ၁ မိနစ် ၁၄ စက္ကန့်တွင်မှု  သန့်ဇင်က လက်သီးချက်များ ဆက်တိုက်ထိုးပြီး ပွဲသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-ONE Championship

Dates: 
Saturday, August 24, 2024 - 09:21