တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်      ဩဂုတ်    ၂၃

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ၂၁ ရက်တွင်  ကရင်ပြည်နယ်  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  သံလွင်တံတားပူးပေါင်း စစ်ဆေးရေး ဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Life PO4 Battery (3000 AH) (၂)လုံး၊ Hybrid Solar Inverter အလုံး(၅၀)၊ Artificial Leather Rolls (PVC) (၂၅)ကီလိုဂရမ်ပါ  အလိပ်(၅၀) ၊  Orange Single Wheel with Iron Tube and Accessory (၁၄၅၀)၊ တရုတ်နိုင်ငံထုတ် PVC ပိုက်ကပ်ကော်ဘူး(၇၂၀)၊ Plastic Resin (၂၅)ကီလိုဂရမ်ပါ (၁၂)အိတ်၊ Plastic White Powder ဖိနပ်ကပ်ကော်မှုန့် (၂၅) ကီလိုဂရမ်ပါ အိတ်(၆၀) ၊ တရုတ်နိုင်ငံထုတ် Ball Bearing (၄၁၄၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၁၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၈၇၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၈၇၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင်  ဩဂုတ်လ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ တင်သွင်းသည့်နိုင်ငံကွဲလွဲနေသော အိန္ဒိယနိုင်ငံထုတ် Human Hairs ကီလိုဂရမ်(၅၈၈၀) အပါအဝင်ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၅၈၈၈၅၅)ကို လည်းကောင်း၊ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် PVC Resin (၂၅) ကီလိုဂရမ်ပါ အိတ်(၃၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၇၈၈၈၅၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဩဂုတ်လ ၂၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လပွတ္တာခရိုင်နှင့် မြန်အောင် ခရိုင်တို့အတွင်း၌  တရားမဝင်ကျွန်းသစ် (သုည ဒသမ ၁၆၄)တန်၊ အခြားသစ်(၅ ဒသမ ၇၆၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၃၄၆၆)နှင့် အဆိုပါသစ်များ တင်ဆောင်ထားသည့် စက်လှေ(၁) စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၇၃၄၆၆)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဩဂုတ်လ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပလိပ်မြို့ မြို့အဝင် စစ်ဆေးရေး ဂိတ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် စက်ဘီး (၇၈)ဘီး အပါအဝင် လူသုံးကုန်ပစ္စည်း(၁၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၉၉၇၅၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စဉ့်ကိုင်မြို့ မြို့အဝင် စစ်ဆေးရေး ဂိတ်အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် စက်ဘီးထိုင်ခုံ (၃၇၈၀)ခု အပါအဝင် လူသုံးကုန်ပစ္စည်း (၁၆)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၀၃၅၆၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၀၃၃၁၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ယင်းအပြင် ဩဂုတ်လ ၂၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန် သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်း မြို့နယ် အေးရိပ်ငြိမ်ရပ်ကွက် ဒေသငါးဖမ်းလှေဆိပ်၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့်   ထိုင်းနိုင်ငံထုတ် Digital အမှတ်တံဆိပ်ပါ ကြွေပြား(၈၂၅)ချပ်အပါအဝင် ကုန်ပစ္စည်း(၆)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၆၇၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဩဂုတ် လ ၂၂ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၈၃၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၀၄၀၀)ကို သစ်တော ဥပဒေအရလည်းကောင်း၊ ဩဂုတ် လ ၂၃ ရက်တွင် ပဲခူးခရိုင်အတွင်း၌ လိုင်စင်မဲ့ Toyota  Succeed  မော်တော်ယာဉ်(၁)စီးနှင့် Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၈၅၂)တန်၊ သစ်မာ (၁ ဒသမ ၄၅၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၄၂၂၂၄)ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၇၂၆၂၄)ကို ဖမ်းဆီးအ‌ရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဩဂုတ် လ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၈၀၀၅၅၄၅)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)

Dates: 
Saturday, August 24, 2024 - 09:46