ပရီးမီးယားလိဂ်ပွဲစဉ် (၂) စပိန်လာလီဂါပွဲစဉ် (၂)နှင့် ပြင်သစ်လီဂူး ပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်

 

ပရီးမီးယားလိဂ်ပွဲစဉ် (၂) စပိန်လာလီဂါပွဲစဉ် (၂)နှင့် ပြင်သစ်လီဂူး ပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်

ဝုဗ်     ‌    Vs     ချယ်လ်ဆီး

 

ကစားမည့်ရက်/အချိန်

(၂၅-၈-၂၀၂၄ ည ၇:၃၀ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          ချယ်လ်ဆီး   ၂        -        ၄       ဝုဗ်

          ဝုဗ်     ၂        -        ၁       ချယ်လ်ဆီး

          ဝုဗ်     ၁       -        ၀       ချယ်လ်ဆီး

နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်

‌ဝုဗ်     ဝေး(နိုင်)      အိမ်(ရှုံး)       ဝေး(ရှုံး)

ချယ်လ်ဆီး   ဝေး(သရေ)   အိမ်(ရှုံး)       အိမ်(နိုင်)

‌ဝုဗ်အသင်းက   ဒီဘောလုံးရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမားကောင်းတွေ လက် လွှတ်ထားရလို့ ကစားသမားအင်အားပိုင်းက ပြီးခဲ့ တဲ့ဘောလုံးရာသီကထက်တောင်  အင်အားလျော့ နည်းနေပါတယ်။  ဝုဗ်အသင်းက  ပြီးခဲ့တဲ့အာဆင် နယ်အသင်းနဲ့ပွဲစဉ်မှာလည်း ကစားကွင်းပိုင်းလိုအပ် ချက်တွေရှိပြီး    ခံစစ်ကစားသမားတွေကလည်း     အမှားအယွင်းများနေလို့     ချယ်လ်ဆီးအသင်း တိုက်စစ်ပိုင်းကို   ပွဲချိန်ပြည့်ထိန်းချုပ်ဖို့ ခက်ခဲမှာပါ။ ဝုဗ်အသင်းက  ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းရော အဝေးကွင်းမှာပါ နှစ်ကျော့စလုံးအနိုင်ရရှိခဲ့တယ်ဆိုပေမယ့် လက်ရှိကစားသမား စုဖွဲ့မှုပိုင်းမှာတော့  ချယ်လ်ဆီးအသင်းကိုရင်ဆိုင်ဖို့ ခက်ခဲမှာပါ။   ဝုဗ်အသင်းက  အသင်းတောင်ပံ တိုက်စစ်ပိုင်းမှာလည်း  နက်စ်တိုလို    အဓိကကစား သမားတစ်ဦးကို ဆုံးရှုံးထားလို့ အထောင်တိုက်စစ် ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။

ဒီဘောလုံးရာသီ    အပြောင်းအရွှေ့ကာလမှာ  ဂျာအိုဖီးလစ်၊ နက်စ်တို၊ ကယ်လီမန်း၊ ဂူအီတို့လို ထိပ်တန်း ကစားသမားတွေ    ခေါ်ယူအင်အားဖြည့် တင်းနိုင်ခဲ့တဲ့  ချယ်လ်ဆီးအသင်းရဲ့ ကစားသမား စုဖွဲ့မှုပိုင်းကတော့ အားရစရာကောင်းနေပါတယ်။ ချယ်လ်ဆီးအသင်းက  အဖွင့်ပွဲစဉ်မှာ   မန်စီးတီး အသင်းကိုရှုံးနိမ့်ခဲ့လို့ အခုပွဲစဉ်မှာတော့ နိုင်ပွဲစတင်ရယူဖို့   အမှားခံမှာမဟုတ်ပါဘူး။     လက်ရှိ ကစားသမား စုဖွဲ့မှုပိုင်းနဲ့  ခြေစွမ်းပိုင်းအရယှဉ်မယ်ဆိုရင်တော့  ဝုဗ်အသင်းက  ချယ်လ်ဆီး အသင်းအတွက် ပြိုင်ဘက်ကောင်းအသင်းတော့မဟုတ်ပါဘူး။  လက်ရှိ  ချယ်လ်ဆီးအသင်း ကစားသမား စုဖွဲ့မှုပိုင်းမှာ ခံစစ်၊ ကွင်းလယ်၊    တိုက်စစ်ပိုင်းအင်အားအပြည့်ရှိပြီး  အဓိက ကစားသမားတွေ   ဒဏ်ရာပြန်လည်သက်သာနေပြီဖြစ်လို့   ဝုဗ်အသင်းကို  ခြေစွမ်းပိုင်းအသာ၊ ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့     ကစားနိုင်မှာပါ။

ကိုးလ်ပယ်မာ၊ ဂျာအိုဖီးလစ်၊ အန်ကူကူတို့ ဦးဆောင်လာမယ့်  ချယ်လ်ဆီး အသင်းတိုက်စစ်ပိုင်းကို   ဝုဗ် အသင်းခံစစ်ပိုင်းက ပွဲချိန်ပြည့်ထိန်းချုပ်ကစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။

ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုပိုင်းမှာ ချယ်လ်ဆီးအသင်းက  ရှစ်ကြိမ်အနိုင်ရရှိထားပါတယ်။  ဝုဗ် အသင်းက ခြောက်ကြိမ်ပြန်လည်အနိုင်ရရှိထားပြီး လေးကြိမ်သရေရလဒ်ထွက်ပေါ်ထားလို့   တွေ့ဆုံမှု ပိုင်းမှာတော့ ကွာခြားမှုမရှိပါဘူး။   ဒါပေမဲ့   လက်ရှိကစားသမား စုဖွဲ့မှုပိုင်းမှာတော့   ဝုဗ်အသင်းက ချယ်လ်ဆီး အသင်းကိုရင်ဆိုင်ဖို့         ခက်ခဲနိုင်လို့  ချယ်လ်ဆီးအသင်းကိုပဲ အားပေးရမှာပါ။

ခန့်မှန်းရလဒ် - ဝုဗ်    ၁  - ၂    ချယ်လ်ဆီး

          အက်သလက်တီကို  Vs   ဂီရိုနာ

 

ကစားမည့်ရက်/အချိန်

(၂၆-၈-၂၀၂၄ နံနက် ၂:၀၀ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          အက်သလက်တီကို ၃       -        ၁       ဂီရိုနာ

          ဂီရိုနာ ၄       -        ၃       အက်သလက်တီကို

          ဂီရိုနာ ၀       -        ၁       အက်သလက်တီကို

နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်

အက်သလက်တီကို ဝေး(နိုင်)      အိမ်(နိုင်)      ဝေး(သရေ)

ဂီရိုနာ ဝေး(ရှုံး)       ဝေး(ရှုံး)       ‌ဝေး(သရေ)

အဖွင့်ပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး သရေရလဒ်သာရရှိခဲ့တဲ့  အက်သလက်တီကိုအသင်းက  အခု အိမ်ကွင်းပွဲစဉ်မှာတော့ အမှားခံမှာမဟုတ်ပါဘူး။ အက်သလက်တီကိုအသင်းရဲ့ အိမ်ကွင်းစွမ်း‌ဆောင် ရည်ပိုင်းက   အကောင်းဆုံးပုံစံမှာရှိနေလို့    အခုပွဲစဉ်မှာလည်း အိမ်ကွင်းမှာ ဂီရိုနာအသင်းကို ပွဲချိန် ပြည့် ဖိအားပေးကစားနိုင်မှာပါ။ အက်သလက်တီကို အသင်းက ဒီဘောလုံးရာသီ အပြောင်းအရွှေ့ ကာလမှာ အယ်ဗာရက်ဇ်၊ ဂယ်လာဟာ၊  ဆိုလော့၊  ပေါ်လက် စတာ    စတဲ့ထိပ်တန်းကစားသမားတွေ   ခေါ်ယူ အင်အားဖြည့်တင်းထားလို့   ကစားသမားအင်အား ပိုင်းက ပြီးခဲ့တဲ့ရာသီကထက် တောင့်တင်းမှု ရှိနေပါတယ်။ လက်ရှိအက်သလက်တီကိုအသင်းရဲ့ ကစားသမားစုဖွဲ့မှုပိုင်းနဲ့ ခြေစွမ်းပိုင်းအရကတော့ အိမ်ကွင်းမှာ ဂီရိုနာအသင်းကို အနိုင်ရယူဖို့ ခက်ခဲမှာမဟုတ်ပါဘူး။ လက်ရှိ အက်သလက်တီကို အသင်းတိုက်စစ်ပိုင်းမှာလည်း  ဂရစ်မန်းဇ်နဲ့  အယ်ဗာရက်ဇ်တို့ရှိနေလို့ သွင်းဂိုးတွေရယူနိုင်ဖို့ကလည်း ခက်ခဲမှာမဟုတ် ပါဘူး။

ပြီးခဲ့တဲ့ဘောလုံးရာသီက အံ့အားသင့်ဖွယ်ရလဒ် တွေရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး     ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တဲ့အထိ ပုံစံကောင်းပြသနိုင်ခဲ့တဲ့ ဂီရိုနာအသင်းက ဒီဘောလုံးရာသီ အပြောင်းအရွှေ့ ကာလမှာ အဓိကကစားသမားတွေဖြစ်တဲ့ ဗစ်တာ၊ ဒေါ့ဘိုက်နဲ့  ဆာဗီယိုတို့လို  ထိပ်တန်း ကစားသမား‌တွေကို လက်လွှတ်ထားရလို့ အသင်းကစားသမား အင်အားပိုင်းက သိသိသာသာ အားနည်းလာခဲ့ပါတယ်။ ဂီရိုနာ အသင်းမှာ ပြီးခဲ့တဲ့ဘောလုံးရာသီက သွင်းဂိုးအများ အပြားသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ကြတဲ့ ဒေါ့ဘိုက်နဲ့ ဆာဗီယိုတို့ကို ဆုံးရှုံးထားရတဲ့ အသင်းတိုက်စစ်ပိုင်း အတွက် အင်အားနည်းခဲ့ရပါတယ်။ အဓိက ကစား သမားတွေကို   လက်လွှတ်ခဲ့ရလို့    ဂီရိုနာအသင်း အတွက် ရလဒ်ပိုင်းတွေပါ ထိခိုက်လာပြီး ရာသီကြို ခြေစမ်းပွဲတွေမှာလည်း   ရလဒ်ပိုင်းမတည်မငြိမ်နဲ့ ရုန်းကန်ခဲ့ရပါတယ်။

လက်ရှိ    ဒီနှစ်သင်းထိပ်တိုက် တွေ့ဆုံမှုပိုင်းမှာ အက်သလက်တီကိုအသင်းက လေးကြိမ်အနိုင် ရရှိခဲ့ပါတယ်။ ဂီရိုနာအသင်းက တစ်ကြိမ်သာ အနိုင်ရရှိပြီး ငါးကြိမ်သရေရလဒ်ထွက်ပေါ်ထားပါတယ်။ ဒါကြောင့် လက်ရှိခြေစွမ်းပိုင်းရော ကစားသမားစုဖွဲ့ မှုပိုင်းပါ အသာစီးမှာရှိနေတဲ့    အက်သလက်တီကို အသင်းပဲ အနိုင်ရယူသွားပါလိမ့်မယ်။

 

ခန့်မှန်းရလဒ် - အက်သလက်တီကို ၂ - ၀  ဂီရိုနာ

          မာဆေးလ်    ‌Vs      ရိမ်း

 

ကစားမည့်ရက်/အချိန်

(၂၆-၈-၂၀၂၄ နံနက် ၁:၁၅ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          ရိမ်း    ၁       -        ၀       မာဆေးလ်

          မာဆေးလ်    ၂        -        ၁       ရိမ်း

          ရိမ်း    ၁       -        ၂        မာဆေးလ်

နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်

မာဆေးလ်    အိမ်(သရေ)  ဝေး(နိုင်)      ‌ဝေး(နိုင်)

ရိမ်း    ဝေး(သရေ)   ဝေး(ရှုံး)       အိမ်(ရှုံး)

မာဆေးလ်အသင်းက    ဒီဘောလုံးရာသီမှာ နည်းပြသစ်အဖြစ်      ဒီဇာဘီကိုခန့်အပ်ထားသလို ကစားသမား ကောင်းတွေကိုပါ      ခေါ်ယူထားလို့ ပြင်သစ်လီဂူးပြိုင်ပွဲ    ချန်ပီယံဆုအတွက်တောင် မျှော်လင့်လို့ရတဲ့ အနေအထားမှာ    ရှိနေပါတယ်။      မာဆေးလ်အသင်းက  နည်းပြသစ်   ဒီဇာဘီ လက်အောက်မှာ  ရလဒ်တွေဆက်တိုက်ကောင်းမွန်နေပြီး အဖွင့်ပွဲစဉ်မှာလည်း  ဂိုးပြတ်နိုင်ပွဲ ရယူထားနိုင်လို့    ပုံစံကောင်းတစ်ရပ်ပြသနိုင်ခဲ့ပါတယ်။   မာဆေးလ် အသင်းက  ဒီဘောလုံးရာသီ အပြောင်းအရွှေ့ကာလမှာ  ဂရင်းဝုဒ်၊  ဟော့ဂျက်၊  ရူလီတို့လို  ထိပ်တန်း ကစားသမားတွ ေခေါ်ယူနိုင်ခဲ့တာက အသင်းကစားသမားစာရင်းအင်အားပိုင်းမှာ ပိုမိုတောင့်တင်းမှုရှိလာ ပါတယ်။ အသစ်ခေါ်ယူထားတဲ့ ဂရင်းဝုဒ်ကလည်း အသင်းနဲ့အတူ  ပထမဆုံးပွဲစဉ်မှာတင်  အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး  ဂိုးတွေသွင်းယူနေလို့   ရိမ်း အသင်းခံစစ်ကစားသမားတွေအတွက်     ပွဲချိန်ပြည့် ထိန်းချုပ်ဖို့  လွယ်ကူမှာ မဟုတ်ပါဘူး။

ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်နေပြီး ရုန်းကန်နေရတဲ့ ရိမ်းအသင်းအတွက် အဝေးကွင်းမှာ မာဆေးလ် အသင်းကို ပွဲချိန်ပြည့်ထိန်းချုပ်နိုင်ဖို့က‌တော့  မဖြစ်နိုင်ပါဘူး။ လက်ရှိအပြောင်းအ‌ရွှေ့ကာလမှာ ကစားသမားနှစ်ဦးတည်းသာ‌ ခေါ်ယူထားတဲ့  ရိမ်းအသင်းအတွက်  ပြီးခဲ့တဲ့ဘောလုံးရာသီက ကစားသမား စာရင်းအတိုင်းသာ ရှိနေပါတယ်။ လက်ရှိ ခြေစွမ်း ပိုင်းနဲ့ ကစားသမားစုဖွဲ့မှုပိုင်းမှာလည်း ရိမ်းအသင်းအတွက် မာဆေးလ်အသင်းကို သ‌ရေရလဒ်တောင် မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။

ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုပိုင်းမှာ မာဆေးလ်အသင်းက   ကိုးကြိမ်အနိုင် ရရှိထားပြီး ရိမ်းအသင်းက တော့  ငါးကြိမ်ပြန်လည် အနိုင်ရရှိခဲ့တယ် ဆိုပေမယ့် လက်ရှိခြေစွမ်းပိုင်း အသာစီးမှာရှိနေတဲ့ မာဆေးလ်အသင်းရဲ့ အနိုင်ရလဒ်က သေချာနေပါတယ်။

ခန့်မှန်းရလဒ် - မာဆေးလ်           ၃   -   ၁     ရိမ်း

 

ပရီးမီးယားလိဂ်ပွဲစဉ်(၂)

 

          ဘုန်းမောက်စ်        -        နယူးကာဆယ်

          လီဗာပူး       -        ဘရန့်ဖို့ဒ်

စပိန်လာလီဂါပွဲစဉ်(၂)

 

          ရီးယဲလ်မက်ဒရစ်    -        ဗယ်လာဒိုလစ်

          လီဂါနက်      -        လက်စ်ပါးမက်စ်

          အလာဗက်   -        ဘတ်တစ်

ပြင်သစ်လီဂူးပွဲစဉ်(၂)

 

          လန်း  -        ဘရက်

          နန့်တက်      -        အော်ဇေး

          နိုက်   -        တူးလော့

          စထရာဘော့ -        ရင်းနက်

စည်သူအောင်

Dates: 
Sunday, August 25, 2024 - 08:56