ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲအုပ်စုများ
အုပ်စု(က) - ပေါ်တူဂီ၊ ဆားဘီးယား၊ အိုင်ယာလန်၊
လူဇင်ဘတ်၊ အဇာဘိုင်ဂျန်။
အုပ်စု (ခ) - စပိန်၊ ဆွီဒင်၊ ဂရိ၊ ဂျော်ဂျီယာ၊ ကိုဆိုဗို။
အုပ်စု (ဂ) - အီတလီ၊ ဆွစ်ဇာလန်၊ မြောက်အိုင်ယာလန်၊
ဘူလ်ဂေးရီးယား၊ လစ်သူရေးနီးယား။
အုပ်စု (ဃ) - ပြင်သစ်၊ ယူကရိန်း၊ ဖင်လန်၊ ဘော့စနီးယား၊
ဟာဇီဂိုဗီးနား၊ ကာဇက်စတန်။
အုပ်စု (င) - ဘယ်လ်ဂျီယံ၊ ဝေးလ်၊ ချက်၊ ဘီလာရုစ်၊
အက်စ်တိုးနီးယား။
အုပ်စု (စ) - ဒိန်းမတ်၊ သြစတြီးယား၊ စကော့တလန်၊
အစ္စရေး၊ ဖာရိုးကျွန်းစု၊ မော်ဒိုဗာ။
အုပ်စု (ဆ) - နယ်သာလန်၊ တူရကီ၊ နော်ဝေ၊ မွန်တီနီဂရိုး၊
လတ်ဗီးယား၊ ဂျီဘရော်တာ။
အုပ်စု (ဇ) - ခရိုအေးရှား၊ ဆလိုဗက်ကီးယား၊ ရုရှား၊
ဆလိုဗေးနီးယား၊ ဆိုက်ပရပ်စ်၊ မော်လ်တာ။
အုပ်စု (ဈ) - အင်္ဂလန်၊ ပိုလန်၊ ဟန်ဂေရီ၊ အယ်လ်ဘေး
နီးယား၊ အန်ဒိုရာ၊ ဆန်မာရီနို။
အုပ်စု (ည) - ဂျာမနီ၊ ရိုမေးနီးယား၊ အိုက်စလန်၊ မြောက်
မက်ဆီဒိုးနီးယား၊ အာမေးနီးယား၊ လက်ချင်းစတိန်း။
၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဥရောပဇုန်ခြေစစ်ပွဲများ ကစားရန် အုပ်စုမဲခွဲပွဲကို ဒီဇင်ဘာ ၇ ရက်က ကျင်းပရာ အင်္ဂလန် အသင်းသည် အုပ်စု(ဈ)တွင် ပွဲချောင်နေသည်။ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းသည်လည်း အုပ်စုချောင်ကာ ပြိုင်ဘက်များအဖြစ် ယူကရိန်းနှင့် ဖင်လန်အသင်းတို့သာ ပါဝင်နေသည်။
ခြေစစ်ပွဲအုပ်စုပွဲစဉ်များကို ၂၀၂၁ ခုနှစ် မတ် ၂၄ ရက်တွင် စတင်ကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်တွင် အပြီးကစားသွားမည်ဖြစ်ကာ ပလေးအော့ဖ်ပွဲများကို ၂၀၂၂ ခုနှစ် မတ်လအတွင်းကစားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ၂၁ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။
Ref:BBC