ဂျပန်အမျိုးသမီးလိဂ်အတွက် မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်းမှ ကစားသမားများ ပါဝင်ကစားရန် ဖိတ်ခေါ်

ဂျပန်ဘောလုံးအဖွဲ့ချုပ်  (JFA)  မှ ၂၀၂၁ ခုနှစ်တွင် စတင်ကျင်းပမည့် အမျိုး သမီးလိဂ်ပြိုင်ပွဲ We League (Women's Empowerment) အတွက် မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းမှ အမျိုးသမီး ဘောလုံးကစားသမားများ ပါဝင်ကစားရန် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ထံ   တရားဝင်ဖိတ်ခေါ်ခဲ့ကြောင်း    သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်   ပြိုင်ပွဲ ကျင်းပရေးကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၆ ရက်က ကျင်းပရာ ဲၤဗ ၏ ဖိတ်ခေါ်မှုကို ထည့်သွင်းဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများကလည်း  ပါဝင်ယှဉ်ပြိုင်ရေးကို သဘောတူခဲ့ကြသည်။ အာဆီယံနိုင်ငံများမှ အမျိုးသမီးကစားသမားများ ပါဝင်ရေးအတွက် လာမည့်  AFF ကောင်စီအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ကြမည်ဖြစ်သည်။

We League သည် ဂျပန်အမျိုးသမီး ဘောလုံးလောကအတွက် အဆင့်အတန်း အမြင့်ဆုံး ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲ ဖြစ်လာမည်ဖြစ်ပြီး လက်ရှိကျင်းပလျက်ရှိသော ဂျပန်အမျိုးသမီးလိဂ်  (Nade- shiko League) ထက်  တစ်ဆင့်မြင့်သည့် ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ကြောင်း JFA မှ    တရားဝင်သတင်းထုတ်ပြန်ထားပြီး လိုအပ်သည့် အချက်အလက်များကို ထပ်မံထုတ်ပြန်ပေးမည် ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင်  ပထမဆုံးစတင် ကျင်းပမည့်  We League ၌  ပြိုင်ပွဲဝင် အသင်းခြောက်သင်းမှ  ၁၀  သင်းကြား ပါဝင်မည်ဖြစ်ပြီး ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲဖြစ်သောကြောင့်  နိုင်ငံတကာမှ ကစားသမားများကို ခေါ်ယူကစားကြမည် ဖြစ်သည်။  ယင်းအတွက် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ ကစားသမားများ ပါဝင်ကစားကြရန် ဖိတ်ခေါ်ခဲ့ခြင်း

ဖြစ်သည်။

အမျိုးသမီး      လက်ရွေးစင်ကစားသမားများ၊    သက်တမ်းအလိုက် လူငယ်ကစားသမားများနှင့် အလားအလာကောင်း မွန်သော ကစားသမားများကို ဦးစားပေး ခေါ်ယူသွားမည်ဖြစ်ရာ သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းရှိ ကစားသမားများအတွက် ကောင်းမွန်သော အခွင့်အလမ်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ကိုရဲ