မျောက်ကျောက်ရောဂါ ကြောက်စရာ

မျောက်ကျောက်ရောဂါ ကြောက်စရာ

၂၀၂၄ ခုနှစ်အတွင်း ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် အာဖရိကတိုက်ရှိ နိုင်ငံ များ၌ Mpox  (မျောက်ကျောက်)  ရောဂါ ကူးစက်ဖြစ်ပွားမှုအရှိန်မြင့်တက်လာပြီး ပြင်းထန်သည့်    ဗိုင်းရပ်စ်မျိုးကွဲအသစ် (Clade Ib)  ထွက်ပေါ်နေသဖြင့်   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က သြဂုတ်လ ၁၄ ရက်တွင် နိုင်ငံတကာပြည်သူ့ကျန်းမာ ရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာ ခဲ့သည်။ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွင်  ယခုနှစ်စကတည်းက ရောဂါဖြစ်ပွားမှု သိသိသာသာတိုးလာပြီး မျောက်ကျောက် ရောဂါကူးစက်ခံရသူပေါင်း ၁၅၆၀၀ ကျော် နှင့်  သေဆုံးသူ  ၅၃၇  ဦးအထိရှိခဲ့၍ အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဌာနက  သြဂုတ်လ  ၁၃  ရက်တွင် အရေးပေါ်အခြေအနေ    ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့တွင်  WHO  ကလည်း  အထက်ပါကဲ့သို့      ကြေညာခဲ့ခြင်းဖြစ်သည်။

မျောက်ကျောက်ရောဂါသည် လက်ရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအပြင် ဘရွန်ဒီ၊    ရဝမ်ဒါအပါအဝင်    တခြား အာဖရိကနိုင်ငံ များသို့လည်း ပျံ့နှံ့နေသည်။  အာဖရိကဒေသအပြင်ဘက်တွင် ကူးစက် မှုပြင်းထန်မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍     သြဂုတ်လတတိယပတ်အတွင်း လေ့လာသိရှိရသောသတင်းများမှာ -

- ထိုင်းနိုင်ငံတွင် သြဂုတ်လ  ၂၁ ရက် ထုတ်ပြန်ချက်အရ  မျောက်ကျောက် ရောဂါကူးစက်ခံရသူ တစ်ဦးတွေ့ရှိနေကြောင်း၊ လတ်တလောတွင် ကူးစက် မြန်   ဗိုင်းရပ်စ်မျိုးကွဲအသစ်  (Clade  Ib) ကူးစက်ခံထားရသူသည်  ထိုင်းနိုင်ငံ တွင် အခြေစိုက်နေထိုင်သည့် အသက် ၆၆  နှစ်အရွယ်ရှိ  ဥရောပနိုင်ငံသား တစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် အာဖရိကဒေသတွင်   သွားရောက်အလုပ်လုပ်ကိုင်နေရာမှ  သြဂုတ်လ ၁၄ ရက်တွင် ထိုင်းနိုင်ငံသို့   လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး    နောက်တစ်နေ့တွင်  ကိုယ်အပူချိန်မြင့်တက်လာ ကာ   အဖုအပိမ့်များ ထွက်လာသဖြင့် ဆေးရုံတွင်  သွားရောက်ကုသခဲ့ရာမှ မျောက်ကျောက်ရောဂါ   ကူးစက်ခံရသည်ကို တွေ့ရှိခဲ့ကြောင်းနှင့် ၎င်းနှင့် အတူ လေယာဉ်စီးလာသည့် ခရီးသည်  ၄၃  ဦးတို့အား  ဖျားနာမှုတစ်စုံတစ်ရာ ရှိပါက    ကျန်းမာရေးဌာနတွင်     သွားရောက်ကုသမှုခံယူရန်      ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

- ဖိလစ်ပိုင်နိုင်ငံတွင်  ယခုနှစ်အတွင်း မျောက်ကျောက်ရောဂါကူးစက်ခံရသူ တစ်ဦးကို  သြဂုတ်လ  ၁၉  ရက်တွင် တွေ့ရှိထားကြောင်း၊ အဆိုပါ ကူးစက် ခံရသူမှာ  အသက်  ၃၃  နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသား အမျိုးသားတစ်ဦး ဖြစ်ပြီး    ပြည်ပသို့    ခရီးသွားခဲ့ဖူးသူ မဟုတ်ကြောင်း၊  ၎င်းအနေဖြင့်  ထို ရောဂါ  မည်သို့ကူးစက်ခံခဲ့ရပြီး  မည် သည့်အမျိုးအစားဖြစ်သည်ကို  ဖော် ထုတ်နိုင်ရန်       ဆက်လက်ဓာတ်ခွဲစစ်ဆေးနေဆဲဖြစ်ကြောင်း၊    မိမိတို့ နိုင်ငံတွင်   ထိုရောဂါကူးစက်ခံရသည် ကို  ၂၀၂၂  ခုနှစ်  ဇွန်လက  ပထမဆုံး တွေ့ရှိခဲ့ပြီး  ယခုကူးစက်ခံရသူမှာ ၁၀  ဦးမြောက်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဦးစီးဌာနက     သတင်းထုတ်ပြန်ထားသည်။

-              ပါကစ္စတန်နိုင်ငံ   အနောက်တောင်ပိုင်းဒေသ၌ နှစ်ရက်အတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားသူ အနည်းဆုံး သုံးဦးတွေ့ရှိထားကြောင်း၊  အဆိုပါ ရောဂါဖြစ်ပွားသူတို့ကို ၎င်းတို့အလုပ်လုပ်ရာ     အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံအတွင်းသို့ပြန်လာစဉ်   တွေ့ရှိရကြောင်း၊ ထို့ပြင် ထိုရောဂါသံသယရှိသူ နောက်တစ်ဦး၏  ရောဂါပိုးနမူနာကိုလည်း ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်းနှင့် အဆိုပါသံသယရှိသူသည် အရေပြား ဆေးခန်းသို့ သွားရောက်ပြသစဉ် ယခုကဲ့သို့ သံသယ၀င်ခံရခြင်းဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ကျန်းမာရေးဌာနက  ဩဂုတ်လ ၁၆  ရက်က သတင်းထုတ်ပြန်ထားသည်။

-              ဆွီဒင်နိုင်ငံ၌  ကူးစက်မှုပြင်းထန်သည့် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို သြဂုတ်လ ၁၅ ရက်တွင်တွေ့ရကြောင်း၊ မျောက်ကျောက်ဗိုင်းရပ်စ်မျိုးကွဲမှာ (Clade Ib) ဖြစ်ပြီး အသားချင်းထိတွေ့ရုံ ဖြင့် ကူးစက်နိုင်သောမျိုးကွဲဖြစ်ကြောင်း၊  ယခုတွေ့ရှိချက်မှာ   အိမ်တွင်းအသုံး အဆောင်ပစ္စည်းများမှတစ်ဆင့် အဓိကကူးစက်ခြင်းဖြစ်ပြီး  ကလေးငယ်များကို ကူးစက်လေ့ရှိကြောင်းနှင့် ကူးစက် ခံရပါကလည်း ရောဂါခံစားရမှုပြင်းထန်ကြောင်းနှင့်  ရောဂါကြောင့်  သေဆုံးနိုင်ခြေမြင့်မားကြောင်း    ဆွီဒင်နိုင်ငံ ကျန်းမာရေးဌာနက   သတင်းထုတ် ပြန်ထားသည်။

မျောက်ကျောက်ရာဇ၀င်

၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင် ဟေဂင်မြို့ရှိ ဓာတ်ခွဲခန်းက မျောက်များ တွင် ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုး စတင်တွေ့ ရှိခဲ့သဖြင့် Monkey pox (မျောက်ကျောက် ရောဂါ)ဟု  အမည်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါရှားပါးကူးစက်ရောဂါတစ်မျိုးသည် အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံရှိ    အပူပိုင်းမိုးသစ်တောများတွင်  ၁၉၇၀   ပြည့်လွန်နှစ်များက    လူများ၌  စတင်ဖြစ်ပွားခဲ့ပြီး ၁၉၉၀ ပြည့် လွန်နှစ် များအတွင်း  ပျောက်ကွယ်သွားသည်။ တစ်ဖန် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တောင်ဆူဒန်နှင့်  တခြားအာဖရိကနိုင်ငံ များ၌    ပြန်လည် ပေါ်ထွန်းလာခဲ့သည်။  ၂၀၀၃   ခုနှစ်   မေလတွင်   အမေရိကန် ပြည်ထောင်စု  ဝစ္စကိုဆင်ပြည်နယ်မှ ကလေးငယ်တစ်ဦး ခွေးကိုက်ခံရပြီးနောက် ထိုရောဂါကူးစက်ခံခဲ့ရသည်။ အမေရိကန်ပြည်ထောင်စု၌  ဖြစ်ပွားခဲ့သော  ယင်းကူးစက်ရောဂါသည် ဂါနာနိုင်ငံမှ တင်သွင်း သော ကြွက်များကို ရောင်းချသည့် အိမ်မွေးတိရစ္ဆာန်စတိုးဆိုင်မှ   စတင်ဖြစ်ပွားသည်ဟုလည်း ဆိုကြသည်။

၂၀၂၂ ခုနှစ်အတွင်း အာဖရိကအလယ်ပိုင်း၊ အာဖရိကအနောက်ပိုင်းနိုင်ငံတို့တွင် သာမက ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင်  ကူးစက်ပျံ့နှံ့ လာပြီဖြစ်သည်။      မူရင်းတွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါသည်   ရောဂါပိုး ရှိသောလူ သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် အရာ၀တ္ထုပစ္စည်းများနှင့်      အနီးကပ် ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်းဖြင့် ကူးစက် နိုင်သည်။  ထိုကာလများ၌ လူအချင်းချင်း ကူးစက်မှုကို  အနည်းငယ်သာတွေ့ရှိရ‌ သော်လည်း ၂၀၂၂  ခုနှစ်  မေလအတွင်း  ကပ်ရောဂါအသွင်   ပျံ့နှံ့လာသည့်ရောဂါ မှာ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံ ခြင်းမှတစ်ဆင့်     ကူးစက်ကြောင်းနှင့် ယင်းရောဂါ၏   မျိုးဗီဇအပြောင်းအလဲ သည်   မျှော်လင့်ထားသည်ထက် ၁၂ ဆ ပိုမြန်ဆန်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ အကယ်၍  မွေးကင်းစ ကလေးငယ်၊       ကလေးသူငယ်များနှင့် မူလကိုယ်ခံအားချို့ယွင်းသူများတွင်   အဆိုပါရောဂါပိုး  ကူးစက်ခံရပါက   ပိုမိုပြင်းထန်သောလက္ခဏာများ  ဖြစ်နိုင်ခြေ ရှိပြီး  သေဆုံးနိုင်ခြေလည်းရှိကြောင်း သိရသည်။

ရောဂါပိုးကူးစက်မှု သိသိသာသာမြင့် တက်ခဲ့ပြီးနောက်  ၂၀၂၂  ခုနှစ်  ဇူလိုင်လ ၂၃ ရက်တွင် WHO က နိုင်ငံတကာစိုးရိမ် ဖွယ် အများပြည်သူကျန်းမာရေး  အရေး ပေါ်အခြေအနေအဖြစ်  ထုတ်ပြန်ကြေညာ ခဲ့သော်လည်း  ၂၀၂၃  ခုနှစ်  မေလ  ၁၁ ရက်တွင်     အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေမှ  ဖြေလျှော့ခဲ့သည်။  မူလက Monkey Pox  (‌‌မျောက်ကျောက်) ဟု ခေါ်ဆိုကြသော်လည်း ယင်းဗိုင်းရပ်စ် ပိုးအမည် မှည့်ရာတွင် ခွဲခြားမှုနှင့် မနှစ်မြို့ စရာများရှိနေကြောင်း  စောဒကတက်မှုများကြောင့် ၂၀၂၂ ခုနှစ်အကုန်တွင် Mpox သို့ ပြောင်းလဲခေါ်ဆိုရန်  WHO က ကြေညာခဲ့သည်။

သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ

မျောက်ကျောက်ရောဂါ၏ ထူးခြားချက် က ပေါင်ခြံ၊ ချိုင်း၊ လည်ပင်း စသည့်နေရာများတွင်     အကျိတ်များထွက်ပေါ်လာပြီး ရောဂါလက္ခဏာများမှာ ရေကျောက် ရောဂါနှင့်ဆင်တူသည်။  အပြင်ပန်းအား ဖြင့်ကြည့်လျှင် ရေကျောက်နှင့် မျောက် ကျောက်ရောဂါတို့သည်  အရည်ကြည်ဖု ပေါက်ခြင်းက  တူသယောင်ထင်ရသော် လည်း ရေကျောက်ဖုများသည် ပေါက်သည် ကပေါက်၊ ပျောက်သည်ကပျောက်၊ ညှိုးသည်ကညှိုး အမျိုးမျိုးရှိကြသည်။ သို့သော် မျောက်ကျောက်အရည်ကြည်ဖုများက တစ်လုံးနှင့်တစ်လုံး     မည်သည့်အချိန်ကြည့်ကြည့်  အရွယ်တူ၊  ပုံစံတူများသာ ဖြစ်သည်။

ယင်းအဖုအကွက်များသည် ခန္ဓာကိုယ် ပေါ်တွင်ထွက်ခြင်းထက်  မျက်နှာ၊  ခြေ၊ လက်တို့ပေါ်တွင်   ပိုထွက်တတ်သည်။ နှိုင်းယှဉ်ကြည့်ရာ၌ ရောဂါကူးစက်ခံရသူ များ၏ ၉၅  ရာခိုင်နှုန်းက မျက်နှာ၊ ၇၅ ရာခိုင်နှုန်းက လက်ဖဝါး၊ ခြေဖဝါး၊ ၇၀ ရာခိုင်နှုန်းက ပါးစပ် (ခံတွင်း)၊ ၃၀ ရာခိုင် နှုန်းက လိင်အင်္ဂါ၊ ၂၀ ရာခိုင်နှုန်းက မျက်စိ ပေါ်တွင် ပေါက်တတ်ကြောင်း သိရသည်။ ယင်းအရည်ကြည်ဖုသည် ဆက်လက်၍ အဝါရောင်အနှစ်ပြည်ဖုများ  ဖြစ်လာပြီး နောက်  ခန္ဓာကိုယ်အနှံ့မှ  အဖု၊  အရည် ကြည်ဖုများ   ပေါင်းစပ်သွားပြီး   ရောဂါ ပျောက်ခါနီးတွင်  အရေပြားအနာဖေးများ အလွှာလိုက်ကွာကျသွားသည်။

မျောက်ကျောက်ရောဂါလက္ခဏာများအနေဖြင့်  ဖျားနာခြင်း  ၆၂  ရာခိုင်နှုန်း၊ ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း ၅၂ ရာခိုင် နှုန်း၊ ပင်ပန်းနွမ်းနယ်ခြင်း ၄၂ ရာခိုင်နှုန်း၊ ကြွက်သားများနာကျင်ခြင်း ၃၁ ရာခိုင် နှုန်း၊  ခေါင်းကိုက်ခြင်း  ၂၇  ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း    ၂၁   ရာခိုင်နှုန်း ဖြစ်ပေါ်ခံစားရတတ်ကြောင်း သိရသည်။ စအိုနှင့်    စအိုဝရောင်ရမ်းမှုကိုလည်း

ပျမ်းမျှ လူနာ ၇၅ ဦးလျှင် ၁၄ ရာခိုင် နှုန်းတွေ့ရကြောင်း လေ့လာသိရှိရသည်။ ရောဂါပျိုးရက်သည်  ရောဂါပိုးစတင်ဝင် ရောက်ပြီး တစ်ရက်မှ ၂၁ ရက်အတွင်း အောက်ဖော်ပြပါ  ရောဂါလက္ခဏာများ ခံစားရနိုင်သည်။

အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ များမှ  ပြီးခဲ့သည့်  ၂၁  ရက်အတွင်း  ပြန် လည်ဝင်ရောက်လာသူများတွင်   တွေ့ရ သောလက္ခဏာများမှာ    လတ်တလော ဖျားနာခြင်း (၃၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ် အထက်ရှိသည်)၊ ချမ်းတုန်ခြင်း၊  အကျိတ် ထွက်ခြင်း၊ အကျိတ်များရောင်ရမ်းခြင်း၊ ပြန်ရည်ကျိတ်များကြီးခြင်း၊ ခေါင်းကိုက် ခြင်း၊  ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့်ခြင်း၊  ခါးကိုက်ခြင်း၊  ခါးနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နုံးခြင်းတို့ ဖြစ်ကြ သည်။ ဖျားပြီးနောက်  တစ်ရက်မှငါးရက်ခန့်အကြာ ခန္ဓာကိုယ်၌ အနီစက် သို့မဟုတ် အနီပျဉ်များဖြစ်ပေါ်ခြင်း၊   အရည်ဖုများ၊ ပြည်ဖုများ  စသည်ဖြင့်  အဆင့်ဆင့်ဖြစ် ပေါ်ပြီးနောက်    အနာများဖြစ်ပေါ်ကာ နောက်ဆုံးတွင်  အနာများပျောက်ကင်း သွားပြီး  အမာရွတ်အနေဖြင့်  ကျန်ခဲ့နိုင် သည်။   အမေရိကန်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ (CDC) ၏ အဆို အရ လူအများစုသည်  Mpox  (မျောက် ကျောက်)   ရောဂါကူးစက်ခံရပြီးနောက်  ရက်သတ္တနှစ်ပတ်မှ   လေးပတ်အတွင်း   ပြန်လည် ကောင်းမွန်လာကြောင်း    သိရ သည်။

ထို့ပြင်        မျောက်ကျောက်ရောဂါ လက္ခဏာများကို လိင်မှတစ်ဆင့်ကူးစက် တတ်သည့်ရောဂါ (STDs) များ၏ ရောဂါ လက္ခဏာများနှင့်     မှားယွင်း တတ်ရာ မျောက်ကျောက်ရောဂါကို      စစ်ဆေးဖော်ထုတ်ရန် တစ်ခါတစ်ရံ အလွန်ခက်ခဲ ကြောင်း CDC  က ဆိုသည်။ ကူးစက်ခံ ရသူအများစုမှာ ရောဂါလက္ခဏာမပြင်း ထန်တတ်သော်လည်း ကိုယ်ခံအားနည်း သူများတွင်  ရောဂါပြင်းပြင်းထန်ထန်ခံစား ရနိုင်သည်။

ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ

မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်မှ  လူကိုကူးစက်ခြင်း၊  လိင်မှတစ်ဆင့် ကူးစက်ခြင်း၊     အရေပြားမှတစ်ဆင့် ကူးစက်ခြင်းအပြင် ရောဂါရှိသူနှင့် အနီး ကပ်စကားပြောခြင်း၊ အနီးကပ်နေထိုင် ခြင်း၊   အနီးကပ်အသက်ရှူခြင်း   စသော အသက်ရှူလမ်းကြောင်းဆိုင်ရာ   အမှုန် အမွှားနှင့်    အရည်များမှတစ်ဆင့်လည်း ကူးစက်တတ်သည်။    ထို့ပြင်  ရောဂါပိုးရှိသော  တိရစ္ဆာန်မှသော် လည်းကောင်း၊ လူမှသော်လည်းကောင်း    ကူးစက်နိုင်သည်။   တိရစ္ဆာန်မှတစ်ဆင့်  လူသို့ကူးစက်နိုင်ခြေကို    လျှော့ချနိုင်ရန်     တောရိုင်းတိရစ္ဆာန်များနှင့်       အကာ အကွယ်မပါဘဲ   ထိတွေ့ခြင်းကို   ရှောင် ကြဉ်ရမည်။ ရောဂါရှိသောလူ သို့မဟုတ် တိရစ္ဆာန်၏ပျက်စီးနေသောအရေပြား၊     အသက်ရှူလမ်းကြောင်း သို့မဟုတ် အကျိ အချွဲအမြှေးပါးများ (မျက်လုံး၊ နှာခေါင်း၊ ပါးစပ်)   မှတစ်ဆင့်   ခန္ဓာကိုယ်ထဲသို့ ကူးစက်ဝင်ရောက်နိုင်သည်။

ထို့ပြင် ရောဂါကူးစက်ဖြစ်ပွားနေသော လူ  သို့မဟုတ်  တိရစ္ဆာန်နှင့်  အနီးကပ် ထိတွေ့ခြင်း၊    တိရစ္ဆာန်ကိုက်ခံရခြင်း သို့မဟုတ် ခြစ်မိခြင်း၊ ရောဂါဖြစ်နေသော သူ၏အနာများကို  ထိတွေ့ကိုင်တွယ်မိခြင်း၊      ခန္ဓာကိုယ်မှထွက်သောအရည် (တံတွေး၊ နှာရည်၊  သွေး၊  ချွေး၊  ဆီးနှင့်  လိင်အင်္ဂါထွက်သောအရည်)၊  အရေပြား ပေါ်တွင်     အနီအဖုအပိမ့်ထွက်သူများ    အသုံးပြုခဲ့သောအဝတ်အထည်၊   အိပ်ရာ၊   စောင်  စသည့်အသုံးအဆောင်များမှတစ် ဆင့်လည်း ကူးစက်နိုင်သည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါဖြစ်သည့်အတွက်   တစ်ကိုယ်ရေသန့်ရှင်းမှုက   အထူးအရေးကြီးသည်။ ကိုဗစ်-၁၉  ရောဂါစည်းကမ်းချက်များနှင့်အညီ  နေထိုင်သူများအတွက် မျောက်ကျောက်ရောဂါကို ကာကွယ်ရန် မခဲယဉ်းလှပေ။ မျောက်ကျောက်ရောဂါ လက္ခဏာ ခံစားနေရသူများနှင့်     အနီးကပ်ထိတွေ့ ခြင်းကို ရှောင်ကြဉ်ပါ။ လက်ကို ဆပ်ပြာ သို့မဟုတ် လက်သန့်စင်ဆေးရည်အသုံးပြု၍  စနစ်တကျဆေးကြောပါ။ ပါးစပ်နှင့် နှာခေါင်းစည်း    (Mask)  ကို  စနစ်တကျ တပ်ဆင်ပါ။  တစ်ဦးနှင့်တစ်ဦး  ခပ်ခွာခွာ နေပါ။ နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေး ဖြင့် လုံခြုံစွာဖုံးအုပ်ပါ။ အသားစိမ်းများကို ကျက်အောင်ချက်ပြုတ်စားပါ။ တောရိုင်း တိရစ္ဆာန်များကို  အကာအကွယ်မပါဘဲ     ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ လက်မဆေး ဘဲ  ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများကို  ကိုင်တွယ်ခြင်းမပြုရ။ အများသုံးသန့်စင် ခန်း၊ တံခါးလက်ကိုင်၊ လှေကားအတက် အဆင်းလက်ရန်းများ၊  ဘတ်စကားထိုင်ခုံ စသည့်   ထိတွေ့မှုများကို  အထူးဂရုစိုက် သင့်ပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုး သန့်စင်ပါ။  တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး  ကောင်းမွန်စေ ရန် ဆောင်ရွက်ပါ။

ရေကျောက်   (Chicken pox)   နှင့် ကျောက်ကြီးရောဂါ (Small pox) များ ဖြစ်ပွားစေသောပိုးနှင့် မျောက်ကျောက် ရောဂါကိုဖြစ်ပွားစေသော    ပိုးတို့ကြား သွင်ပြင်လက္ခဏာနှင့် ဖွဲ့စည်းပုံတူညီသဖြင့် ရေကျောက်ရောဂါ၊  ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံပြီးနောက်  မျောက် ကျောက်ရောဂါဗိုင်းရပ်စ်ကို ၈၅ ရာခိုင်နှုန်း ကာကွယ်နိုင်သည်။     နိုင်ငံအများစု၌ ကျန်းမာရေးဝန်ထမ်းများကို    ရောဂါပိုး ရှိသူနှင့်မထိတွေ့မီ သို့မဟုတ် ထိတွေ့ပြီး နောက်    ကျောက်ကြီးရောဂါကာကွယ်ဆေး (Small Pox) ကို ထိုးနှံထားကြရန် အကြံပြု ထားသည်။  ထို့ပြင်  အမေရိကန် ပြည်ထောင်စုအပါအဝင်       အနောက်နိုင်ငံတချို့၌     အများပြည်သူတို့လည်း  ကာကွယ်ဆေးကို   ထိုးနှံနေကြကြောင်း သိရသည်။

အချုပ်အားဖြင့်ဆိုသော် မိမိတို့နိုင်ငံရှိ ကျန်းမာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် စောင့်ကြည့်နေကာ  နိုင်ငံအတွင်းရောဂါ စောင့်ကြပ်ကြည့်ရှုမှု စနစ်ကိုလည်း ၂၀၂၂ ခုနှစ် ပထမအကြိမ်ထုတ်ပြန်ကြေညာခဲ့စဉ် ကပင် ဆောင်ရွက်နေခြင်းမှာ အားရဖွယ် ဖြစ်သည်။    မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍   ကျန်းမာရေးအသိပညာပေး ခြင်း၊ လေကြောင်းလိုင်းများနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များမှတစ်ဆင့် နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများ  ဖြည့်စွက်ရမည့်  ကျန်းမာရေးမှတ်တမ်းကတ် (Health De-claration  Card)  တွင်  မျောက်ကျောက် ရောဂါနှင့်ပတ်သက်သောအချက်အလက် များ ဖြည့်စွက်ခြင်းကို ဆောင်ရွက်လျက် ရှိသည်။  ထို့ပြင် ပြည်ပမှပြန်လာသူများ နှင့်    နိုင်ငံခြားခရီးသွားများ  လေဆိပ်သို့  ရောက်ရှိချိန်တွင် ကိုဗစ်-၁၉  ရောဂါအတွက်  RDT စစ်ဆေးချိန်၌  မျောက်ကျောက်ရောဂါ လက္ခဏာများ စစ်ဆေးခြင်းကိုပါ ကျန်းမာ ရေးဝန်ထမ်းများက တစ်ပြိုင်တည်းဆောင် ရွက်လျက်ရှိသည်။

ထို့ကြောင့်   ပြည်သူများအနေဖြင့်လည်း  မျောက်ကျောက်ရောဂါနှင့်ပတ် သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက် အလက်များကို   အလေးထားလိုက်နာ၍ သတိပြုရမည်ဖြစ်ပါကြောင်း     ရေးသား လိုက်ရပါသည်။