AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

ရန်ကုန်    ဩဂုတ်    ၂၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်   သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့်   AYA Pay Futsal Championship 2024   ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက် ၉  နာရီမှစတင်ပြီး ရန်ကုန်မြို့   MFF Futsal Stadium ၌ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ယနေ့နံနက် ၉ နာရီတွင် MIU FC အသင်းနှင့်  Taw Win Nan FC အသင်းတို့ကစားခဲ့ရာ   သုံးဂိုးစီသရေရလဒ်ဖြင့်လည်းကောင်း၊ နံနက် ၁၀ နာရီခွဲတွင် Shwe Pyi Thar FC အသင်းနှင့် UPK FC အသင်းတို့ ကစားခဲ့ရာ UPK FC အသင်းက ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် VUC FC အသင်းနှင့် Power HBI အသင်းတို့ ကစားခဲ့ရာ VUC FC အသင်းက ၉ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး    မွန်းလွဲ ၁ နာရီခွဲတွင် Pacific Sun Far အသင်းနှင့် Naka United အသင်းတို့ကစားခဲ့ရာ   Pacific Sun Far အသင်းက ၄ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ညနေ  ၃ နာရီတွင်    M2K FC အသင်းနှင့် Jullniss FC အသင်းတို့ကစားခဲ့ရာ M2K FC အသင်းက ၇ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ ၄  နာရီခွဲတွင်  Let Wel Thone Nara အသင်းနှင့် YCDC Marga FC အသင်းတို့ကစားခဲ့ရာ YCDC Marga FC အသင်းက ၄ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း  အသီးသီး အနိုင်ရရှိခဲ့ကြသည်။

AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ဩဂုတ်လ ၂၆ ရက် (ယနေ့)နံနက် ၉ နာရီတွင်   Futsal Chit Thu အသင်းနှင့် Bushido Team   အသင်း၊ နံနက် ၁၀ နာရီခွဲတွင် M-Million FC အသင်းနှင့် Seven FC အသင်း၊ မွန်းတည့် ၁၂  နာရီတွင် MH Dream Team အသင်းနှင့် FCT Youth အသင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် YRG FC အသင်းနှင့် Sar Bal Gyi Doh FC အသင်း၊ ညနေ ၃ နာရီတွင် Gold Dream FC အသင်းနှင့် SGF FC အသင်း၊ ညနေ ၄နာရီခွဲတွင် Pyae Sone FC အသင်းနှင့် Generations FC အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်

Dates: 
Monday, August 26, 2024 - 06:00