ပုသိမ်မြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီသင်တန်းဆင်းပွဲ ပြုလုပ်

ပုသိမ်မြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီသင်တန်းဆင်းပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၄ မေ - ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီအင်္ဂလိပ်စာ သင်တန်း၊ ကွန်ပျူတာ သင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း ခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းသား၊သင်တန်းသူ များအား သင်တန်းဆင်းအောင်လက်မှတ်များနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက မြန်မာ့သိုင်းသင်တန်းသားများ၏ မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသမှုများကို ကြည့်ရှု အားပေးကြသည်။

အဆိုပါသင်တန်းသားများကို သင်တန်းသား ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၀ ဦးဖြင့် ဧပြီလ ၂၂ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အဆိုပါစာသင်ကျောင်း၌ ကျောင်းအပ် နှံရေးရက်သတ္တပတ်အတွက် စာသင်ဆောင်များ၊ သင်ထောက်ကူပစ္စည်းများနှင့် စာရေး ကိရိယာများ အသင့်ရှိနေစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကျောင်းသန့် ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  

Dates: 
Monday, August 26, 2024 - 08:58