ရီးယဲလ်မက်ဒရစ်အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် အန်းဒရစ်မှတ်တမ်းဝင်
မက်ဒရစ် ဩဂုတ် ၂၆
ရီးယဲလ်မက်ဒရစ်အသင်း လူငယ်တိုက်စစ်ကစား သမား အန်းဒရစ်သည် စပိန်လာလီဂါပြိုင်ပွဲ ပွဲစဉ်(၂) အဖြစ်ကစားသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဗယ်လာဒိုလစ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ရီးယဲလ်မက်ဒရစ် အသင်းသမိုင်းတစ်လျှောက် စပိန်လာလီဂါပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင်သည့် အသက် အငယ်ဆုံး နိုင်ငံခြားကစားသမား(စပိန်လူမျိုးမဟုတ်သည့် ကစားသမား)အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းက ဗယ်လာဒိုလစ်အသင်း ကို ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် အန်း ဒရစ်သည် ပွဲချိန် ၈၆ မိနစ်တွင် အမ်ဘတ်ပီ၏နေရာ ၌ လူစားဝင်ကစားပြီးနောက် ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ခြောက်မိနစ်တွင် ဘရာဟမ်ဒီယက်၏ ဖန်တီးပေးမှုမှတစ်ဆင့် အသင်းအတွက် ဂိုးသွင်းယူ နိုင်ခဲ့ပြီး မှတ်တမ်းကောင်းတစ်ရပ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အန်းဒရစ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဗယ်လာဒိုလစ်အသင်းတို့ ကစားသည့်ပွဲစဉ်၌ ပါဝင်ကစား သည့်အချိန်တွင် ၎င်း၏အသက်မှာ ၁၈ နှစ်နှင့် ၃၅ ရက်သာရှိသေးသည့်အတွက် အသင်းသမိုင်း တစ်လျှောက် စပိန်လာလီဂါပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင် သည့် အသက်အငယ်ဆုံး နိုင်ငံခြားကစားသမား (စပိန်လူမျိုးမဟုတ်သည့် ကစားသမား)အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ပြီး အသင်းနှင့် ပထမဆုံးကစားသည့် စပိန်လာလီဂါပွဲစဉ်တွင်ပင် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref;ESPN