နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် YMBA  ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (မော်လမြိုင်)မှ အသင်းဝင်များက စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၉

   

COVID-19  ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် သွေးလိုအပ်မှု မရှိစေရေးအတွက် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အဖြစ် YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (မော်လမြိုင်)မှ အသင်းဝင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌  ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ တပ်မတော်ဆေးရုံမှ တာဝန်ရှိသူများ၊  YMBA  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (မွန်ပြည်နယ်) ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း နှင့်အဖွဲ့ဝင်များ၊ အသင်းဝင် အလှူရှင်များ တက်ရောက်ကြသည်။

   

ဦးစွာ ကျန်းမာရေးဝန်ထမ်းများက YMBA  ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (မော်လမြိုင်)၏ အသင်းဝင်သွေး အလှူရှင်များအား သွေးလှူဒါန်းနိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးကြသည်။

 

ထို့နောက် သွေးအလှူရှင်များက စုပေါင်းသွေးလှူဒါန်းကြပြီး ထိုသို့လှူဒါန်းနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေး၍ သွေးအလှူရှင်များအား အာဟာရဖြည့်စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။