၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားမည့် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ပွဲစဉ်အတွက် လက်မှတ်ခများကို ထုတ်ပြန်

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားမည့် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ပွဲစဉ်အတွက် လက်မှတ်ခများကို ထုတ်ပြန်

ရန်ကုန် မေ ၂၀

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ်ကစားမည့် မြန်မာအသင်းနှင့် ဂျပန် အသင်းတို့ပွဲစဉ်အတွက် လက်မှတ်ခများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ ကြောင်း သိရသည်။

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ်  ဇွန်လ ၆ ရက် ည ၆နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌  ကစားသွားမည်ဖြစ်သည်။

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ကစားမည့်ပွဲစဉ်အတွက် လက်မှတ်ခများကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ရိုးရိုးတန်းအတွက် ငွေကျပ် ၂၀၀၀ နှင့် အထူးတန်းအတွက် ငွေကျပ် ၅၀၀၀ သတ်မှတ် ထားပြီး ရောင်းချမည့်နေ့ရက်နှင့် အစီအစဉ်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့သည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပထမအကျော့ပွဲစဉ်အဖြစ်   ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်က ဂျပန်အသင်းအိမ်ကွင်း၌ကစားခဲ့ရာ ဂျပန်အသင်းက မြန်မာ အသင်းကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။

မြန်မာအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ(အာရှဇုန်) အုပ်စု(B)တွင် အုပ်စုပွဲစဉ် လေးပွဲ ကစားပြီးချိန်တွင် နိုင်ပွဲမရရှိသေးဘဲ တစ်ပွဲသရေ သုံးပွဲရှုံး ရမှတ် တစ်မှတ်ဖြင့် အုပ်စုအောက်ဆုံး နေရာတွင် ရပ်တည်လျက်ရှိနေပြီး မြောက်ကိုရီးယားအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇွန်လ ၁၁ ရက်တွင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။       

စည်သူအောင်

Dates: 
Tuesday, August 27, 2024 - 11:06