ဩဂုတ်လ ၁၉  ရက်မှ  ၂၅  ရက်အတွင်း နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်းသစ် (၂၆ ဒသမ ၁၁၈၂)တန်၊ သစ်မာ (၉ ဒသမ ၃၈၆၆)တန်နှင့် အခြား (၂ ဒသမ ၃၇၁၈)တန် ဖမ်းဆီးရမိ 

ဩဂုတ်လ ၁၉  ရက်မှ  ၂၅  ရက်အတွင်း နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်းသစ် (၂၆ ဒသမ ၁၁၈၂)တန်၊ သစ်မာ (၉ ဒသမ ၃၈၆၆)တန်နှင့် အခြား (၂ ဒသမ ၃၇၁၈)တန် ဖမ်းဆီးရမိ 

နေပြည်တော်    ဩဂုတ်   ၂၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိရေး အတွက် ပြည်သူပူးပေါင်းပါဝင်သော လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၉  ရက်မှ  ၂၅  ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်းသစ်(၂၆ ဒသမ ၁၁၈၂)တန်၊ သစ်မာ(၉ ဒသမ ၃၈၆၆)တန်၊ အခြား(၂ ဒသမ ၃၇၁၈)တန် စုစုပေါင်း (၃၇ ဒသမ ၈၇၆၆)တန်နှင့် ယာဉ်/ ယန္တရား (၄)စီး၊ တရားခံ (၁)ဦး ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ လယ်ဝေးမြို့နယ် မြို့မဘိနယ် ပေါက်ပင်သာဘုန်းကြီးကျောင်းဝင်း အနီးဝန်းကျင်မှ တရားမဝင်ကျွန်းသစ်လုံး/ ခွဲခြမ်း/ လုံးပတ် ၃ ပေအောက် သစ်စုစုပေါင်း (၂၂၇) လုံး/ ခြမ်း(၁၉ ဒသမ ၈၀၄၀) တန်ကို    ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Friday, August 30, 2024 - 10:09