၂၀၂၄ ခုနှစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
နေပြည်တော် ဩဂုတ် ၃၀
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ် အဖြစ် ဝန်ကြီးရုံးအသင်းနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။
အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုဖူဆယ်အားကစားပြိုင်ပွဲတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာနလေးခုရှိ ပြိုင်ပွဲဝင်အသင်း ခုနစ်သင်းတို့မှ အားကစားသမား ဝန်ထမ်းများက အားကစားစိတ်ဓာတ်ကို အရင်းခံ၍ တရားသော ယှဉ်ပြိုင်ခြင်းဖြင့် စိတ်အားတက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြမှုကို အလွန်ပင် ဝမ်းမြောက်မိကြောင်းနှင့် အားကစားပြိုင်ပွဲများကို ပုံမှန်ကျင်းပနိုင်ရေးဖြစ်မြောက်အောင် တတ်အားသရွေ့ တာဝန်ရှိသူများအနေဖြင့် အဘက်ဘက်က ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြရန် ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲတွင် တတိယဆုရရှိသည့်အသင်းကို လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ်ကလည်းကောင်း၊ ဒုတိယဆု ရရှိသည့်အသင်းကို အမြဲတမ်းအတွင်းဝန်က လည်းကောင်း၊ ပထမဆုရရှိသည့် အသင်းကို ပြည်ထောင်စုဝန်ကြီးက လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။