AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား
ရန်ကုန် ဩဂုတ် ၃၀
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်ပြီး ရန်ကုန်မြို့ MFF Futsal Stadium ၌ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ယနေ့နံနက် ၉ နာရီတွင် Winner Soccer အသင်းနှင့် KKY FC အသင်းတို့ကစားခဲ့ရာ Winner Soccer အသင်းက ၃ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ နံနက် ၁၀ နာရီခွဲတွင် 7 Brother FC အသင်းနှင့် Yankin Brotherhood အသင်းတို့ကစားခဲ့ရာ 7 Brother FC အသင်းက ၅ ဂိုး ၃ ဂိုးဖြင့်လည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် MIU FC အသင်းနှင့် Shwe Pyi Thar United အသင်းတို့ကစားခဲ့ရာ MIU FC အသင်းက ၂၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။
အလားတူ မွန်းလွဲ ၁ နာရီခွဲတွင် UPK FC အသင်းနှင့် Taw Win Nan FC အသင်းတို့ ကစားခဲ့ရာUPK FC အသင်းက ၅ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ ၃ နာရီတွင် VUC FC အသင်းနှင့် Pacific Sun Far FC အသင်းတို့ကစားခဲ့ရာ VUC FC အသင်းက ၉ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် Naka United အသင်းနှင့် Power HBI FC အသင်းတို့ကစားခဲ့ရာ Power HBI FC အသင်းက ၅ ဂိုး ၂ ဂိုးဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိခဲ့ပြီး Power HBI FC အသင်းမှ နိုင်လင်းထွန်းသည် ပွဲချိန် ၁၂ စက္ကန့်တွင် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
AYA Pay Futsal Championship 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ဩဂုတ်လ ၃၁ ရက် နံနက် ၉ နာရီတွင် M2K FC အသင်းနှင့် Let Wel Thone Nara အသင်း၊ နံနက် ၁၀ နာရီခွဲတွင် YCDC Marga FC အသင်းနှင့် Jullniss FC အသင်း၊ မွန်းတည့် ၁၂ နာရီတွင် Futsal Chit Thu FC အသင်းနှင့် M-Million FC အသင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် Seven FC အသင်းနှင့် Bushido Team အသင်း၊ ညနေ ၃ နာရီတွင် MH Dream Teamအသင်းနှင့်YRG FC အသင်း၊ ညနေ ၄ နာရီခွဲတွင် Sar Bal Gyi Doh FC အသင်းနှင့် FCT Youth အသင်းတို့ ဆက်လက်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူအောင်