မိုက်ခရိုဆော့က AI for All Thais အစီအစဉ်ကို အကောင်အထည်ဖော်မည်

မိုက်ခရိုဆော့က AI for All Thais အစီအစဉ်ကို အကောင်အထည်ဖော်မည်

မိုက်ခရိုဆော့ကုမ္ပဏီက ထိုင်းနိုင်ငံသား  များနှင့်အဖွဲ့အစည်းများအားလုံး၏ အကျိုးအတွက် အသုံးချ AI နည်းပညာ အစီအစဉ်ဖြစ်သော AI for All Thais အစီအစဉ်ကို အကောင်အထည်ဖော်မည်ဖြစ်သည်။

အစီအစဉ်၏ ရည်မှန်းချက်များအနက် တစ်ခုမှာ    ထိုင်းနိုင်ငံသားအယောက်တစ်သန်းကို   ဘဏ္ဍာနှစ် တစ်နှစ်အတွင်း AI ပညာရပ်တတ်မြောက်မှုရှိစေရေးပင်ဖြစ်သည်။

မိုက်ခရိုဆော့ကုမ္ပဏီက အရှေ့တောင် အာရှဒေသ၌ တစ်နှစ်လျှင် AI နည်းပညာ အသုံးပြု အလုပ်သမားနှစ်သန်းကျော်ကို လေ့ကျင့်ပေးရန် စီစဉ်ထားသော အစီအစဉ်များအနက် ယခုအစီအစဉ်ကလည်း တစ်ခု အပါအဝင်ဖြစ်သည်။

မိုက်ခရိုဆော့အနေဖြင့် AI နည်းပညာသုံးအလုပ်သမားများကို  ကျွမ်းကျင်မှုဆိုင်ရာအရည်အသွေး၊ တတ်မြောက်မှု ပမာဏ၊ အာမခံချက်ရှိသော    အခြေအနေတို့ကို ဖန်တီးနိုင်စေရေး   ရည်မှန်းအကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

ထိုသို့အကောင်အထည်ဖော်မှုမှနေ၍ ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးကို ပိုမိုတိုးမြှင့်ပေးနိုင်ကာ အားလုံး ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုဆီ   ဦးတည်စေရေးကို ရည်မှန်းထားသည်။

အလားတူ မိုက်ခရိုဆော့ကုမ္ပဏီသည် ထိုင်းနိုင်ငံအတွင်း အချက်အလက်စင်တာ တစ်ခုတည်ဆောက်ရေး အပါအဝင် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများတည် ဆောက်ရေးတွင်    ရင်းနှီးမြှုပ်နှံမှုများ လုပ်သွားမည်ဖြစ်သည်။           

Ref: NT

K.H

Dates: 
Saturday, August 31, 2024 - 10:17