တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၁၀

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းမှ သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲ မဖြစ်ပေါ်စေရန်အတွက် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ယနေ့နံနက်ပိုင်းတွင် တိုင်းဧချမ်းဓမ္မာရုံ၌ အရုဏ်ဆွမ်း ဆက်ကပ် လောင်းလှူကြသည်။

ထိုသို့ ဆက်ကပ်လောင်းလှူရာတွင် ကေတုမတီမြို့သစ်ရှိ မြို့မဘုန်းတော်ကြီးကျောင်း၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ မြစေတီဘုန်းတော်ကြီးကျောင်း၊ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း၊ မဟာစည်သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်း၊ အနန်းပင်တောရ ဘုန်းတော်ကြီးကျောင်းနှင့် သဲဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များအား တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူ ခဲ့ကြကြောင်း သတင်းရရှိသည်။