ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် လိုက်ပဇစ်အသင်းကို ရှုံးနိမ့်ပြီးနောက် လေဗာကူဆင်အသင်း၏ ရှုံးပွဲမရှိ စံချိန်ရပ်တန့်ခဲ့ရ
ဘာလင် စက်တင်ဘာ ၁
ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၂)အဖြစ် ကစားသည့် လေဗာကူဆင်အသင်းနှင့် လိုက်ပဇစ်အသင်းတို့ပွဲစဉ် တွင် လေဗာကူဆင် အသင်းသည် ၃ ဂိုး - ၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့ရကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီက လေဗာကူဆင် အသင်းသည် နည်းပြဇာဗီအလွန်ဆို၏ လက်အောက်တွင် ပုံစံကောင်းများ ပြသနိုင်ခဲ့ကာ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် တစ်ရာသီစလုံး ရှုံးပွဲမရှိဘဲ ၃၄ ပွဲကစားရာ ၂၈ ပွဲအနိုင်ရရှိပြီး ခြောက်ပွဲသရေရလဒ်ဖြင့် ဂျာမန်ဘွန်ဒက်စ်လီဂါဖလားကို ရှုံးပွဲမရှိစံချိန်ဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။
အလားတူ ယခုဘောလုံးရာသီတွင်လည်း လေဗာကူဆင်အသင်းသည် ပွဲစဉ်(၁)အဖြစ် မိုချန်ဂလာဘတ် အသင်းနှင့် ကစားရာ မိနစ် ၉၀ အထိ သရေရလဒ် ထွက်ပေါ်ခဲ့သော်လည်း နာကျင်အချိန်ပို ၁၁ မိနစ်တွင် ဖလိုရီယန်ဝက်ဇ်က လေဗာကူဆင်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ပြီးနောက် ဂျာမန်ဘွန်ဒက်စ် လီဂါပြိုင်ပွဲတွင် ၃၅ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။
သို့သော် ၃၆ ပွဲမြောက်အဖြစ် ကစားသည့် လိုက်ပဇစ်အသင်းနှင့်ပွဲစဉ်တွင် လိုက်ပဇစ်အသင်းမှ ကစား သမားတစ်ဦး အနီကတ်ကြောင့် ထွက်ခွာခဲ့ရသည့်အတွက် လေဗာကူဆင်အသင်းက တစ်ဦးအသာဖြင့် ကစားခဲ့ရသော်လည်း ၃ ဂိုး- ၂ ဂိုးဖြင့်ရှုံးနိမ့်ကာ ရှုံးပွဲမရှိ စံချိန်ရပ်တန့်ခဲ့ရကြောင်း သိရသည်။
Ref;Goal.com