COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၁၀

  COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက ယနေ့ နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ၌ အလှူငွေများ လာရောက်ပေးအပ် လှူဒါန်းသည်။

ဦးစွာ အလှူရှင်ဖြစ်သည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးစိုင်းရှဲန်က လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက်COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် အလှူငွေကျပ်သိန်း ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။