မွန်ဂျေးအင်က လာဘ်ပေးလာဘ်ယူမှုတွင် သံသယတရားခံအဖြစ်ပါဝင်နေ

မွန်ဂျေးအင်က လာဘ်ပေးလာဘ်ယူမှုတွင် သံသယတရားခံအဖြစ်ပါဝင်နေ

ောင်ကိုရီးယားသမ္မတဟောင်း မွန်ဂျေးအင်သည် အစိုးရရှေ့နေများက စစ်ဆေးနေသော လာဘ်ပေးလာဘ်ယူမှု တစ်ခုတွင် သံသယတရားခံအဖြစ် ပါဝင်နေကြောင်း သိရသည်။

လေကြောင်းလိုင်းတစ်ခု ထူထောင်ထားသူကို အရေးပါသောအစိုးရအဖွဲ့ဝင်တစ်ဦး အဖြစ်ခန့်အပ် ပေးနိုင်ရေးအတွက် အပြန်အလှန်အနေဖြင့် အဆိုပါလေကြောင်းလိုင်းက မွန်ဂျေးအင်၏သမက်ကို ၎င်းတို့ထံ၌ အလုပ်တစ်နေရာပေးခဲ့ရကြောင်း အစိုးရရှေ့နေများက ပြောထားသည်။

ထို့ကြောင့် ယင်းလာဘ်ပေးလာဘ်ယူမှုတွင် မွန်ဂျေးအင်ပါဝင်နေနိုင်ကြောင်း ထိုအမှုကိုစုံစမ်းစစ်ဆေးနေသည့် အစိုးရရှေ့နေများကပြောသည်။

လာဘ်ပေးသည့်လေကြောင်းလိုင်းမှာ Thai Easter Jet ဖြစ်ပြီး မွန်ဂျေးအင်၏ သမက်က ထိုလေကြောင်းလိုင်းတွင် အမှုဆောင်ညွှန်ကြားရေးမှူး ရာထူးရရှိကာ အပြန်အလှန်အနေဖြင့် လွှတ်တော်အမတ်‌ ဟောင်း လီဆန်ဂျစ်ကို ကိုရီးယားအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ နှင့်သက်ဆိုင်သောဌာနတွင် အကြီးအကဲ အဖြစ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။   ထိုသို့ခန့်အပ်ရန် ၂၀၁၇ ခုနှစ်တွင်  သမ္မတ၏ အတွင်းဝန်များ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: TST

Dates: 
Monday, September 2, 2024 - 08:39