NASA ၏ ဆိုလာရွက်ယာဉ်က ရွက်ပြားများကို အောင်မြင်စွာ ဖြန့်ထုတ်နိုင်
NASA ကလွှတ်တင်ထားသော ဆိုလာရွက်ယာဉ်က ရွက်ပြားများကိုအောင်မြင် စွာဖြန့်ထုတ်လိုက်နိုင်ကြောင်း ထုတ်ပြန် ထားသည်။ ဆိုလာရွက်ယာဉ်ကို ဧပြီလ ၂၄ ရက်တွင် လွှတ်တင်လိုက်ခြင်းဖြစ်ပြီး ပြီးခဲ့ သည့်လကုန်ပိုင်းတွင် ရွက်ပြားများကို ဖြန့်ထုတ်နိုင်ခြင်း ဖြစ်သည်။
ရေပေါ်တွင် လေကြောင့်ရွက်လှေများ ခရီးသွားနိုင်သကဲ့သို့ အာကာသအတွင်း ရွက်ယာဉ်က နေရောင်ခြည် ပမာဏအနည်း ငယ်မျှဖြင့် ခရီးဆက်နိုင်စွမ်းရှိသည်။
ယခုဆိုလာရွက်ယာဉ်သည် စမ်းသပ် အဆင့်ဖြင့် လွှတ်တင်လိုက်သည့်ယာဉ်ဖြစ်ပြီး ၎င်း၏အောင်မြင်မှုက နောက်ပိုင်းတွင် လွှတ်တင်မည့် အာကာသယာဉ်များဖန်တီးမှုကို အထောက်အပံ့ကောင်းများ ပေးနိုင် စေမည်ဖြစ်သည်။
Ref: IE
K.H
Dates:
Monday, September 2, 2024 - 08:39