ကမ္ဘာ့မြေမျက်နှာပြင်အောက် မိုင်ထောင်ပေါင်းများစွာ၌ မုန့်လက်ကောက်ပုံ ဒေသတစ်ခုတည်ရှိနေ

ကမ္ဘာ့မြေမျက်နှာပြင်အောက် မိုင်ထောင်ပေါင်းများစွာ၌ မုန့်လက်ကောက်ပုံ ဒေသတစ်ခုတည်ရှိနေ

ဩစတြေးလျအမျိုးသားတက္ကသိုလ်မှ သုတေသနပညာရှင်များက ကမ္ဘာ့မြေမျက် နှာပြင်အောက် မိုင်ထောင်ပေါင်းများစွာ၌ မုန့်လက်ကောက်ပုံစံဒေသတစ်ခု တည်ရှိနေကြောင်း ဖော်ထုတ်တွေ့ရှိလိုက်သည်။

အဆိုပါဒေသသည် ကမ္ဘာ့အရည်အူတိုင် အတွင်းတည်ရှိနေပြီး ထိုကဲ့သို့တွေ့ရှိခြင်းကြောင့် ကမ္ဘာ့သံလိုက် စက်ကွင်းနှင့် ကမ္ဘာမြေပေါ်ရှိ သက်ရှိများအတွက် ၎င်း၏အရေး ပါမှုအပေါ် ယခင်နားလည်ထားမှုများကို ပြောင်းလဲ စေနိုင်မည်ဟု သုတေသီများက ပြောသည်။

အသစ်တွေ့ရှိသည့် အဆိုပါဒေသသည် ကမ္ဘာကြီး၏ ပြင်ပအူတိုင်ထိပ်တွင် တည်ရှိကြောင်း၊  တိတိကျကျ ဆိုရလျှင်  အရည်အူတိုင်က  ကမ္ဘာ့အူတိုင်ကို လွှမ်းခြုံထားသည့် အလယ်လွှာတို့ ဆုံသောနေရာတွင်ဖြစ်ကြောင်း သုတေသီများကပြောသည်။

သုတေသီများသည် မြေငလျင်လှိုင်းများ ကိုလေ့လာခြင်းဖြင့် ထိုဒေသတည်ရှိနေမှုကို သိရှိရခြင်း ဖြစ်သည်။ ထို့ပြင် ယင်းဒေသသည် နည်းပါးသည့်လှုပ်ရှားမှု အလျင်သာရှိသည်ဟု သုတေသီများက ပြောသည်။

ယခုကဲ့သို့ အလျင်နည်းပါးရခြင်းသည် သိပ်သည်းမှုမြင့်မားသော ပေါ့ပါးသည့်ဒြပ် ပစ္စည်းများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုပစ္စည်းများသည် ပြင်ပအူတိုင်ရှိအရည် များကို မွှေနေခြင်းဖြစ်နိုင်ကြောင်း သုတေ သီများက ပြောထားသည်။       

Ref: IE

K.H

Dates: 
Monday, September 2, 2024 - 09:02