EV များကို ဗို့အားမြင့်ဖြင့်အားသွင်းစေနိုင်မည့် ကြားခံပစ္စည်းကို တိုရှီဘာမိတ်ဆက်

 

EV များကို ဗို့အားမြင့်ဖြင့်အားသွင်းစေနိုင်မည့် ကြားခံပစ္စည်းကို တိုရှီဘာမိတ်ဆက်

ဂျပန်နိုင်ငံ၏ နည်းပညာကုမ္ပဏီကြီး ဖြစ်သော တိုရှီဘာကုမ္ပဏီက EV ကားများ ကို   ဗို့အားမြင့်ဖြင့် အားသွင်းစေနိုင်မည့် ကြားခံပစ္စည်းကို   မိတ်ဆက်လိုက်ပြီဖြစ် သည်။

ယနေ့ခေတ် EV များတွင် အားသွင်းချိန် တိုတောင်းခြင်းနှင့် တစ်ကြိမ်အားသွင်းပြီး လျှင် ခရီးအကွာအဝေး ရှည်လျားစွာသွားနိုင်ခြင်းက အသုံးပြုသူများကိုဆွဲဆောင်နေ သည့်အချက်ဖြစ်လာသည်။ ထိုသို့သော အခြေအနေကို ပိုင်ဆိုင်နိုင်ရေး အတွက်ဆိုလျှင် အကောင်းဆုံးဖြစ်သောဘက်ထရီ

စွမ်းဆောင်ရည်နှင့် စနစ်လိုအပ်မည်ဖြစ် သည်။

ထို့အတွက် ဘက်ထရီစီမံခန့်ခွဲမှုစနစ် က ကောင်းမွန်သောဘက်ထရီစွမ်းဆောင် ရည်ကိုရရှိစေရန် ကူညီပေးမည်ဖြစ်သည်။ ထိုနေရာတွင် ဗို့အားမြင့်မားသောလျှပ်စစ် စီးကြောင်းကို ဘေးကင်းစွာအသုံးပြုနိုင် ရေးအတွက် တိုရှီဘာကုမ္ပဏီက ကြားခံ ပစ္စည်းတစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အား ထိန်းကိရိယာကို  မိတ်ဆက်လာခြင်းဖြစ်သည်။

သာမန်အားဖြင့် ထိုကိရိယာမျိုးသည် ဗို့အား ၄၀၀ အထိသာကောင်းစွာကိုင်တွယ် နိုင်စွမ်းရှိသည်။   သို့သော်   တိုရှီဘာ၏ ကြားခံကိရိယာက ဗို့အား ၉၀၀ အထိကို ခံနိုင်ရည်ရှိသည်။

ထို့ကြောင့်အနာဂတ်တွင် ဘက်ထရီ စွမ်းဆောင်ရည်ပိုမိုမြင့်မားပြီး အချိန်တို အတွင်းအားသွင်းမှု ပိုမိုမြန်ဆန်စေမည့် EV များကို ထွက်ပေါ်လာစေမည် ဖြစ်သည်။

Ref: IE

K.H

Dates: 
Monday, September 2, 2024 - 09:02