မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ရွှေပြည်သာယူနိုက်တက်အသင်းနှင့် Glory Goal အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ
ရန်ကုန် စက်တင်ဘာ ၂
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၆)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ရွှေပြည်သာယူနိုက်တက်အသင်းနှင့် Glory Goal အသင်းတို့ ပြိုင်ဘက်များကို အသီးသီး အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၆)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ Glory Goal အသင်းနှင့် ကချင်ယူနိုက်တက် အသင်းတို့ ကစားခဲ့ရာ Glory Goal အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး Glory Goal အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၆ မိနစ်တွင် မင်းခန့်သိန်း၊ ပွဲချိန် မိနစ် ၅၀ တွင် ရဝေကျော်၊ ပွဲချိန် ၈၂ မိနစ်တွင် ဝင်းဌေးတို့ကသွင်းယူပေးနိုင်ခဲ့ပြီး ချင်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၄၈ မိနစ်တွင် S Gun Lum က သွင်းယူပေးနိုင်ခဲ့သည်။
အလားတူ ညနေ ၃ နာရီခွဲက စလင်းအားကစားကွင်း၌ ရွှေပြည်သာယူနိုက်တက်အသင်းနှင့် ဧရာဝတီရိန်းဂျား အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရွှေပြည်သာယူနိုက်တက်အသင်းက ၅ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ရွှေပြည်သာယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၂၅ မိနစ်တွင် ရန်ပိုင်လင်းထက်၊ ပွဲချိန် ၄၇ မိနစ်တွင် ဉာဏ်လင်းထက်နှင့် ပွဲချိန် ၄၉ မိနစ်၊ ၅၆ မိနစ်နှင့် ၆၂ မိနစ်တို့တွင် ချစ်ထွေးတို့က သွင်းယူနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို ရွှေပြည်သာယူနိုက်တက်အသင်းမှ ကျော်မြင့်ဝင်းက ဆွတ်ခူးနိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)အဖြစ် စက်တင်ဘာလ ၃ ရက်(ယနေ့)ညနေ ၃နာရီခွဲတွင် ရန်ကုန်မြို့ တက္ကသိုလ် အားကစားကွင်း၌ ချင်းလန်းအသင်းနှင့် University အသင်း၊ စလင်းအားကစားကွင်း၌ ငွေကြယ်ပွင့်လေးများအသင်းနှင့် ရာမညယူနိုက်တက်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူအောင်