မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် စက်တင်ဘာ ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁ ရက် ည ၉ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၇ x ၁၀၈ လမ်းကြား၌ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း သတင်းရရှိထားသူ စိန်မြင့်(ခ)အားသာကို စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၅ ကီလိုနှင့် လည်းကောင်း၊ အလားတူ ညနေ ၃ နာရီခွဲ တွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်တွင် လော်မို မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူး ဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။