AYA Pay Futsal Championship 2024 ပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များ  ယှဉ်ပြိုင်ကစား

AYA Pay Futsal Championship 2024 ပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များ  ယှဉ်ပြိုင်ကစား

ရန်ကုန်    စက်တင်ဘာ  ၂

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့်    AYA  Pay  Futsal Championship 2024 ပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ   MFF Futsal Stadium ၌ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း   သိရသည်။

AYA Pay Futsal Championship 2024 ပြိုင်ပွဲကို  လိဂ်(၁)ကလပ်အသင်း ကိုးသင်း၊ လိဂ်(၂)ကလပ်အသင်း ကိုးသင်း၊ မန္တလာလိဂ်မှ ကလပ်အသင်း နှစ်သင်း၊ ၂၀၂၄ အပျော်တမ်းပြိုင်ပွဲမှ ကလပ်အသင်း၁၂ သင်းဖြင့် ကျင်းပနေခြင်းဖြစ်သည်။

AYA Pay Futsal Championship 2024 ပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များအဖြစ် ယနေ့နံနက် ၉ နာရီခွဲတွင်  Pyae  Sone  FCအသင်းနှင့် Power HBI FC အသင်းတို့ကစားခဲ့ရာ Pyae Sone FC အသင်းက ၃ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊  နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် TG United အသင်းနှင့် YCDC Marga FC  အသင်းတို့ ကစားခဲ့ရာ TG United  အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် Winner Soccer အသင်းနှင့် M-Millions FC အသင်း တို့ကစားခဲ့ရာ Winner Soccer အသင်းက ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် UPK FC အသင်းနှင့် MH Dream Team အသင်းတို့ကစားခဲ့ရာMH Dream Team အသင်းက ၆ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

AYA Pay Futsal Championship 2024 ပြိုင်ပွဲ     ရှုံးထွက်အဆင့် ပွဲစဉ်များအဖြစ် စက်တင်ဘာလ  ၃ ရက် (ယနေ့) နံနက် ၉  နာရီခွဲတွင်     VUC FC  အသင်းနှင့် Generations FC အသင်း၊  နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် M2K FC အသင်းနှင့် Futsal 19 FC အသင်း၊ မွန်းလွဲ ၁ နာရီတွင် Seven FC အသင်းနှင့် 7 Brother FC အသင်း၊ မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် YRG FC အသင်းနှင့် MIU FC အသင်းတို့ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။  

စည်သူအောင်

Dates: 
Tuesday, September 3, 2024 - 09:06