EU အနေဖြင့် ဓမ္မဓိဋ္ဌာန်ကျကျနှင့် မျှမျှတတဖြစ်စေရေး တရုတ်တိုက်တွန်း

EU အနေဖြင့် ဓမ္မဓိဋ္ဌာန်ကျကျနှင့် မျှမျှတတဖြစ်စေရေး တရုတ်တိုက်တွန်း

ဥရောပသမဂ္ဂ (EU) အနေဖြင့် တောင် တရုတ်ပင်လယ်အရေးကိစ္စနှင့်ပတ်သက်၍ ပြောဆိုမှုများ၊ လုပ်ဆောင်မှုများတွင် ဓမ္မဓိဋ္ဌာန်ကျကျနှင့် မျှမျှတတဖြစ်စေရေး တရုတ်အစိုးရက တိုက်တွန်းကြောင်းသိရသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း တောင်တရုတ်ပင်လယ်၌ဖြစ်ပွားသော ကိစ္စရပ်များနှင့်ပတ်သက်၍ EU ၏စွပ်စွဲချက်များကို ကျေနပ်မှုမရှိကြောင်း ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

EU သည် တောင်တရုတ်ပင်လယ်ကိစ္စ တွင်အဖွဲ့ဝင်မဟုတ်ကြောင်းနှင့် ထိုကိစ္စအပေါ် လက်ညှိုးထိုးခွင့် မရှိကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အလားတူ EU သည်     လွတ်လပ်စွာ ရေကြောင်းသွားလာမှုကိစ္စအပေါ် ကြိမ်ဖန်များစွာပုံကြီးချဲ့နေကြောင်း၊ ထိုကိစ္စသည် EU အတွက် မည်သည့်အကျိုးစီးပွားမျှမရှိ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်ကိုတွေ့ရသည်။

တရုတ်နှင့်ဖိလစ်ပိုင်ရေယာဉ်များကြား တိုက်မိမှုဖြစ်ပွားရာတွင် တရုတ်နိုင်ငံ၏ အန္တရာယ်ရှိသောလုပ်ဆောင်မှုကို ရှုတ်ချ ကြောင်း EU က စက်တင်ဘာလ ၁ ရက် တွင်ထုတ်ပြန်ထားခြင်းဖြစ်သည်။

Ref: RTA

Dates: 
Tuesday, September 3, 2024 - 09:08