Tencent က လက်ဖဝါးကိုစကန်ဖတ်ခြင်းဖြင့် ငွေပေးနိုင်မည့်နည်းပညာကိုချဲ့ထွင်

Tencent က လက်ဖဝါးကိုစကန်ဖတ်ခြင်းဖြင့် ငွေပေးနိုင်မည့်နည်းပညာကိုချဲ့ထွင်

တရုတ်နိုင်ငံမှ နည်းပညာကုမ္ပဏီကြီး ဖြစ်သော Tencent က လက်ဖဝါးကိုစကန် ဖတ်ခြင်းဖြင့် ငွေပေးနိုင်မည့် နည်းပညာကို အရှေ့တောင်အာရှဒေသသို့ ချဲ့ထွင်လိုက် ပြီဟု စက်တင်ဘာလ ၅ ရက် တွင် ထုတ် ပြန်ကြေညာသည်။

ထိုနည်းပညာသည် လက္ခဏာအမှတ်အသားများနှင့် သွေးကြောများကိုစကန် ဖတ်ခြင်းဖြင့် အသိအမှတ် ပြုသည့်နည်း ပညာဖြစ်သည်။ အဆိုပါနည်းပညာကို တရုတ်နိုင်ငံ၌  ၂၀၂၃ ခုနှစ်ကတည်းက ငွေပေးချေမှု၊   ရုံးတက်ရုံးဆင်း မှတ်တမ်းတင်မှုနှင့် အလွယ်တကူ အားသွင်းစက်များ ငှားရမ်းမှုတို့တွင် အသုံးပြုနှင့်ပြီး ဖြစ်သည်။

ယခုအခါ အရှေ့တောင်အာရှဒေသ၌ ၂၀၃၀ ပြည့်နှစ်အရောက်တွင် ဒစ်ဂျစ်တယ် စီးပွားရေး တိုးတက်မှု သည် အမေရိကန် ဒေါ်လာ တစ်ထရီလီယံအထိရောက်ရှိလာ မည်ဟုခန့်မှန်းရသောကြောင့် ထိုဒေသကို ၎င်းတို့၏ နည်းပညာအသုံးပြုမှုချဲ့ထွင်ရန် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း Tencent ကုမ္ပဏီမှ ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

ယခုနည်းပညာကိုအသုံးပြုသူများသည် မည်သည့်အရာကိုမျှ ထိတွေ့ရန်မလိုအပ်ဘဲ စကန်နာပေါ်မှနေ၍ လက်ဖဝါးကိုပြလိုက် ရုံသာဖြစ်သောကြောင့် ကျန်းမာရေးနှင့် ညီညွတ်ကာ ထိုသို့စကန်ဖတ်ခြင်းအားဖြင့် ကျန်းမာရေး အခြေအနေအချို့ကိုလည်း သိရှိနိုင်စေမည်ဖြစ်သည်။

Ref: IE K.H

Dates: 
Friday, September 6, 2024 - 09:47