ပိုလန်က ပုစဉ်းအမည်ရှိ အသေခံဒရုန်းတစ်မျိုးကို ထုတ်ဖော်ပြသ

ပိုလန်က ပုစဉ်းအမည်ရှိ အသေခံဒရုန်းတစ်မျိုးကို ထုတ်ဖော်ပြသ

ပိုလန်နိုင်ငံမှ စစ်လက်နက်ပစ္စည်းထုတ် လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော WZL-2 က ၎င်းတို့၏ ပုစဉ်း အမည်ရှိ အသေခံဒရုန်း အမျိုးအစားအသစ်ကို မကြာသေးမီက ကျင်းပသော MSPO ကာကွယ်ရေး ပစ္စည်း ပြပွဲ၌ ထုတ်ဖော်မိတ်ဆက်လိုက်သည်။

အလေးချိန် ၁၁ ပေါင်ဖြင့် ဒေါင်လိုက် ပျံတက်နိုင်သည့် ပန်ကာဒလက်လေးဖက် ပါ အဆိုပါဒရုန်းကို မြို့ပြဒေသအပါအဝင် စစ်ဆင်ရေးနယ်မြေအားလုံး၌ အသုံးပြု နိုင်မည်ဖြစ်သည်။

ထိုဒရုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၈၀ နှုန်းဖြင့်   အမြင့်ပေ ၁၀၀၀ မှ ၂၅ မိနစ်ကြာပျံသန်းနိုင်ကာ သံချပ်ကာယာဉ် များကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိမည် ဖြစ်သည်။

ပစ်မှတ်ကို သတ်မှတ်ပြီးနောက် ဗီဒီယိုဖြင့် ခြေရာခံစနစ်ကိုအသက်သွင်း၍ တိုက်ပွဲဝင်နိုင်စွမ်းရှိသော ကြောင့် ဆက်သွယ်ရေးပြတ်တောက်သွားသည့်တိုင် ရည်မှန်းချက်ကိုထိမှန်နိုင်မည်ဖြစ်သည်။

Ref: IE K.H

Dates: 
Friday, September 6, 2024 - 09:49