ဒရုန်းမောင်းသူများကို ရှာဖွေနိုင်မည့် စနစ်တစ်မျိုး ယူကရိန်းဖန်တီး

ဒရုန်းမောင်းသူများကို ရှာဖွေနိုင်မည့် စနစ်တစ်မျိုး ယူကရိန်းဖန်တီး

ယူကရိန်းစစ်ဘက်က ရန်သူ၏ဒရုန်း မောင်းသူများကိုရှာဖွေထောက်လှမ်းနိုင်မည့် အသုံးပြုရလွယ်ကူ သော အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်တစ်ခုကို ဖန်တီး တီထွင်လိုက်သည်။

ထိုစနစ်ကို Aero Azimuth ဟု အမည် ပေးထားပြီး မိုးပျံပူဖောင်းများတွင်ချိတ်ဆွဲ တပ်ဆင်ကာ အလွယ်တကူ အသုံးပြုနိုင်မည် ဖြစ်သည်။

၎င်း၏အဓိကတာဝန်မှာ ရန်သူဘက်မှ ဒရုန်းမောင်းသူများအနေဖြင့် မည်သည့် နေရာမှနေ၍ ဒရုန်း မောင်းနှင်နေသည်ကို ရှာဖွေဖော်ထုတ်ပေးရန်ဖြစ်ပြီး ဒရုန်းမောင်းသူကိုမူ အခြားတပ်ဖွဲ့က ချေမှုန်းရမည် ဖြစ်သည်။

အဆိုပါနည်းလမ်းသည် ဒရုန်းအစင်းရေများစွာကို ပစ်မှတ်ထားနေမည့်အစား ပင်မအခြေခံဖြစ်သည့် ဒရုန်းမောင်းသူများ ကိုချေမှုန်းနိုင်ရေး ရှာဖွေပေးခြင်းဖြစ်သည့် အတွက် ပိုမိုထိရောက်ကြောင်း ပညာရှင် များက သုံးသပ်ထားသည်။      

Ref: IE K.H

Dates: 
Friday, September 6, 2024 - 09:51