တရုတ်က အာဖရိကစီမံကိန်းများအတွက် ဒေါ်လာဘီလီယံ ၅၀ အသုံးပြုမည်

တရုတ်က အာဖရိကစီမံကိန်းများအတွက် ဒေါ်လာဘီလီယံ ၅၀ အသုံးပြုမည်

ပေကျင်း၊ ဖွံ့ဖြိုးရေး

တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက် ရေးထိပ်သီးညီလာခံ (FOCAC) ကို တရုတ် နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာလ ၅ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီး တရုတ်အစိုးရအနေဖြင့် အာဖရိကဒေသ၌ ဆောင်ရွက်မည့်ပူးတွဲ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာဘီလီယံ ၅၀ အသုံးပြုသွားမည်ဟု   တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောသည်။

ထိုထိပ်သီးညီလာခံသည် ပြီးခဲ့သည့်နှစ် များအတွင်း တရုတ်နိုင်ငံက လက်ခံကျင်းပခဲ့သည့် သံတမန်ရေး အခမ်းအနားများ အနက် အကြီးဆုံးအခမ်းအနားဖြစ်သည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကဂုဏ်ယူ စွာပြောသည်။

အာဖရိကနိုင်ငံပေါင်း  ၅၀ ကျော်မှခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်သည့် အဆိုပါ ထိပ်သီးညီလာခံက တရုတ်နှင့် အာဖရိကဒေသတို့ကြား ဆက်ဆံရေးပိုမိုခိုင်မာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက အာဖရိကဒေသအပေါ် ကူညီထောက်ပံ့မှုအဖြစ် အရေးပေါ်စားနပ် ရိက္ခာထောက်ပံ့ရေး၊ မြေဟက်တာ ၆၆၇၀ ပေါ်၌ စံပြလယ်ယာစိုက်ပျိုးရေးလုပ်ကွက် များဖော်ဆောင်ရေး၊ စိုက်ပျိုးရေး ပညာရှင် အယောက် ၅၀၀ ကိုစေလွှတ်ရေး၊ တရုတ်-အာဖရိက စိုက်ပျိုးရေးသိပ္ပံနှင့်နည်းပညာ တီထွင် ဖန်တီးမှု မဟာမိတ်အဖွဲ့ထူထောင်ရေးတို့ကို လုပ်ဆောင်ပေးသွားမည်ဟု ရှီကျင့်ဖျင်က ပြောသည်။

အလားတူ နောက်တစ်ကြိမ်ထိပ်သီး ညီလာခံမတိုင်မီအချိန်အထိ စီမံကိန်း ၁၀ ခုအကောင် အထည် ဖော်ရေးအတွက် အမေရိကန်ဒေါ်လာဘီလီယံ ၅၀ ထောက်ပံ့ပေးသွားမည်ဟု ၎င်းက ကတိပြုထားခြင်း ဖြစ်သည်။

ယင်းထိပ်သီးညီလာခံကို သုံးနှစ်လျှင် တစ်ကြိမ် ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

Ref: RT

Dates: 
Friday, September 6, 2024 - 09:54