ဂျော်ဂျီယာပြည်နယ်၌ ၁၄ နှစ်သား၏ ပစ်ခတ်မှုကြောင့် လူလေးဦးသေဆုံး

ဂျော်ဂျီယာပြည်နယ်၌ ၁၄ နှစ်သား၏ ပစ်ခတ်မှုကြောင့် လူလေးဦးသေဆုံး

နယူးယောက်၊ ရာဇဝတ်မှု

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာ ပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ခု၌ စက်တင်ဘာလ ၄ ရက် တွင် သေနတ်ပစ်ခတ်မှု တစ်ခုဖြစ်ပွားရာ လူလေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိကြောင်း တာဝန်ရှိသူ များကပြောသည်။

ထိုပစ်ခတ်မှုသည် အပလာချီးအထက် တန်းကျောင်း၌ ဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူလေးဦးအနက်  နှစ်ဦးမှာ ကျောင်းသားများဖြစ်ကာ ကျန်နှစ်ဦးမှာ ကျောင်းဆရာများ ဖြစ်သည်။

ပစ်ခတ်မှုကို ကျူးလွန်သူသည် အဆိုပါ ကျောင်းမှကျောင်းသားဖြစ်ပြီး အသက် ၁၄ နှစ်သာရှိသေး ကြောင်း ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူးက ပြောသည်။

ပစ်ခတ်မှုလုပ်ဆောင်သူသည် နံနက် ၁၀ နာရီခွဲစွန်းစွန်းတွင် ပြစ်မှုကျူးလွန်ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ထံ လက်နက်ချခဲ့ကြောင်း၊ ထိုကျောင်းသားကို လူသတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ပြီး လူကြီးတစ်ဦးကဲ့သို့ သတ်မှတ်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးက ဆက်ပြောသည်။ အမေရိကန်၌ ယခုနှစ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုပေါင်း ၃၈၀ ကျော် ဖြစ်ပွားထားသည်။

Ref: Xinhua

Dates: 
Friday, September 6, 2024 - 09:56