နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
နေပြည်တော် စက်တင်ဘာ ၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထု အခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၆ ရက် မှ စက်တင်ဘာလ ၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၂၉ ဒသမ ၄၂၅၂ တန်၊ သစ်မာ ၃ ဒသမ ၅၄၁၂ တန်၊ အခြား ၄ ဒသမ ၀၇၆၈ တန် စုစုပေါင်း ၃၇ ဒသမ ၀၄၃၂ တန်၊ ယာဉ်/ ယန္တရား ၇ စီး၊ တရားခံ ၁၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)