သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင် ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင် လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင် ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင် လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ   ၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်းနယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ် ကုန်သွယ်ရေး ရုံးနှင့် စခန်းများ၊ အမြဲတမ်း စစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်နှင့်  ကုန်ပစ္စည်း သိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့်လေဆိပ်များ၊ ကမ်းရိုးတန်း ဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် လျက်ရှိရာ သတင်းအချက် အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။

တာဝန်သိ ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ်ဩဂုတ်လအတွင်း သတင်းရရှိမှု  ၄၄ ကြိမ် ရရှိခဲ့ပြီး သတင်းမှား ၂ ကြိမ်၊ နောက်ကျသတင်း ၁ ကြိမ်နှင့် ဖမ်းဆီးရမိမှု ၄၁ ကြိမ် ဖြစ်ပါသည်။ သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ ၆၁ မှုဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်း သုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း ၆၀ မျိုးအပါအဝင် ခန့်မှန်း တန်ဖိုး ငွေကျပ် ၉၄၂ ဒသမ ၀၇၅ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်‌တော်ယာဉ်များ အပါအဝင်  လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးငွေကျပ် ၉၄၂ ဒသမ ၀၇၅ သန်း၏ ၂၀ ရာခိုင်နှုန်း ဖြစ်သောငွေကျပ် ၁၈၈ ဒသမ ၄၁၅ သန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှလည်း မြန်မြန်ဆန် ဆန်ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့် ပတ်သက်၍ လက် ကိုင်ဖုန်း - ၀၉-၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillega-ltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်)

Dates: 
Friday, September 6, 2024 - 10:13