စက်တင်ဘာလ ၂၇ ရက်တွင် ကျင်းပမည့် ONE Friday Fights 81 တွင် မြန်မာဖိုက်တာ သန့်ဇင်၏ တွဲဆိုင်း ပါဝင်လာမည်

စက်တင်ဘာလ ၂၇ ရက်တွင် ကျင်းပမည့် ONE Friday Fights 81 တွင် မြန်မာဖိုက်တာ သန့်ဇင်၏ တွဲဆိုင်း ပါဝင်လာမည်

ရန်ကုန်   စက်တင်ဘာ   ၆

စက်တင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပမည့် ONE Friday Fights 81 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သန့်ဇင်၏ တွဲဆိုင်း ပါဝင်လာမည် ဖြစ်သည်။ 

ထို့ကြောင့် ယင်းပြိုင်ပွဲတွင် နာမည်ကြီး မြန်မာဖိုက်တာ နှစ်ဦးအထိ ထိုးသတ်ခွင့်ရမည်ဖြစ်ပြီး စိုးလင်းဦး မှာမူ ယခင်ကတည်းက   ပါဝင်ထားပြီးသားဖြစ်သည်။

သန့်ဇင်သည် ဂျပန်နိုင်ငံသား တာကီရူနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး မွေထိုင်းပွဲစဉ်မဟုတ်ဘဲ ဖလိုင်းဝိတ်တန်းကစ်ဘောင် ဆင်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။ ယခင်စီစဉ်ထားသည့်  တွဲဆိုင်းတွင် တာကီရူ၏ ပြိုင်ဘက်ကစားသမား ဒဏ်ရာရသွားသဖြင့် သန့်ဇင်နှင့် ပြောင်းလဲ ခဲ့ခြင်းဖြစ် သည်။  သန့်ဇင်သည် ONE Championship နှင့် လက်တွဲအပြီး နှစ်ပွဲ ထိုးသတ်ထားရာ နှစ်ပွဲစလုံး  အနိုင်ရ ရှိထားသည်။

စက်တင်ဘာလ ၂၇ ရက်တွင် ကျင်းပမည့် ONE  Friday Fights 81 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ နောက် တစ်ဦးဖြစ်သည့် စိုးလင်းဦး၏ တွဲဆိုင်းလည်း ပါဝင်မည်ဖြစ်ပြီး စိုးလင်းဦးသည် အယ်လ်ဂျီးရီးယား/ထိုင်း ဖိုက်တာ နာဘေလ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရ မည်ဖြစ်သည်။

ညီမြတ်သော်တာ

ဓာတ်ပုံ-ONE Championship

Dates: 
Saturday, September 7, 2024 - 09:27