ရုရှားက နျူကလီးယားစွမ်းအင်သုံး ဒုံးကျည်အမျိုးအစားအသစ်ကို ဖြန့်ကြက်ထား

ရုရှားက နျူကလီးယားစွမ်းအင်သုံး ဒုံးကျည်အမျိုးအစားအသစ်ကို ဖြန့်ကြက်ထား

ရုရှားနိုင်ငံက နျူကလီးယားစွမ်းအင်သုံး ဒုံးကျည်အမျိုးအစားအသစ်ကို ဖြန့်ကြက် ထားကြောင်း အမေရိကန်နိုင်ငံမှ သုတေ သနပညာရှင်များက အတည်ပြုထားသည်။

ထိုဒုံးကျည်သည် 9M730 Burevestnik အမျိုးအစားဒုံးကျည်ဖြစ်ပြီး မဟာဗျူဟာ မြောက်နေရာများတွင် ဖြန့်ကြက်အသုံးပြု နေဖွယ်ရှိသည်ဟု အမေရိကန်သုတေသီများကတွေ့ရှိထားခြင်းဖြစ်သည်။ သုတေ သီများသည် Planet Labs ကရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများကိုအခြေခံ၍ ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါဒုံးကျည်သည် အမျိုးမျိုးသော လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ကောင်းစွာထိုးဖောက် နိုင်စွမ်းရှိသကဲ့သို့ ရောက်ရှိနိုင်သည့်အကွာအဝေးမှာလည်း အဆုံးမဲ့လုနီးပါးဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၁၈ ခုနှစ်တွင်ပြော ထားသည်။

9M730 Burevestnik ဒုံးကျည်သည် တွန်းကန်အားအတွက် နျူကလီးယားစွမ်း အင်အသုံးပြုထားပြီး နျူကလီးယားထိပ် ဖူးတပ်ဆင်နိုင်ကာ ရောက်ရှိနိုင်စွမ်းရှိသည့် အကွာအဝေးမှာ ကီလိုမီတာ ၂၀၀၀၀ အထိဖြစ်သည်။

ထို့ပြင် ယင်းဒုံးကျည်သည် အနိမ့်ပျံဒုံး ကျည်အမျိုးအစားဖြစ်သည့်အလျောက် အမြင့်ပေ ၁၆၄ ပေမှသည် ၃၂၈ ပေအတွင်း မှပျံသန်းနိုင်သောကြောင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များက ထိုဒုံးကျည်ကို ကြားဖြတ်ဟန့်တားရန် ခက်ခဲစေမည်ဖြစ်သည်။

Ref: IE K.H

Dates: 
Saturday, September 7, 2024 - 11:54